Asia
ကိုရီးယားနှစ်နိုင်ငံ အစည်းအဝေး ကိစ္စဆွေးနွေးရန် တောင်ကိုရီးယား မှ အထူး ကိုယ်စားလှယ် အဖွဲ့ မြောက်ကိုရီးယားသို့ ထွက်ခွာ
ဆိုးလ်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် ၏ အထူး ကိုယ်စားလှယ်အဖွဲ့သည် မွန် နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအန်း တို့၏ လာမည့် ထပ်သီးအစည်းအဝေးပွဲအတွက် အစီအစဉ်အသေးစိတ်များအား ဆွေးနွေးရန် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ကိုယ်စားလှယ်အဖွဲ့ဝင် ၅ဦး လိုက်ပါလာသော ခရီးသည်တင်ဂျက်လေယာဉ် သည် ဆိုးလ်မြို့အပြင်ဘက်ရှိ လေဆိပ်တစ်ခုမှ ဒေသစံတော်ချိန် နံနက် ရး၄၀နာရီတွင် ထွက်ခွာလာပြီး အနောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံ ပင်လယ်ပြင်အစပ်မှ ပြုံယမ်းမြို့သို့ ဦးတည်ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ဂျေအင် ၏ ထိပ်တန်း အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါနေ့နှောင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသို့ ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ တတိယအကြိမ် မွန်-ကင် ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်များကို ဆွေးနွေးသွားမည်ဟု စီစဉ်ထားပြီး ယင်း ထိပ်သီးအစည်းအဝေး အား စက်တင်ဘာလကုန် မတိုင်မီ ပြုံယမ်းမြို့၌ ကျင်းပရန် နှစ်နိုင်ငံ စလုံးက သဘောတူထားကြောင်း သိရသည်။
တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်သည် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင် ထံ မွန်ဂျေအင်၏ သဝဏ်လွှာအား ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ကင်ဂျုံအန် အနေဖြင့် တောင်ကိုရီးယားကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံရန် ရှိ၊မရှိကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)