Connect with us

Asia

“ကနဦးခြေလှမ်း ၈ ရပ်”က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေး၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြနေ

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်းထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

“တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု စီမံချက်ကြီး ၁၀ ရပ် ”ပေါ်တွင် အခြေခံသည့် “ကနဦးခြေလှမ်း ၈ ရပ်”မှာ တရုတ်-အာဖရိက ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်းတည်ဆောက်မှု ကို ပိုမိုနီးကပ်ခိုင်မာစေရန် လျှောက်လှမ်းရမည့်လမ်းစဉ်ဖြစ်သလို ယခုကျင်းပသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အား အဓိက မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အာဖရိကရေးရာ အထူးကိုယ်စားလှယ် ရွှီကျင့်ဟူက စက်တင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်သည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်းထိပ်သီးအစည်းအဝေးသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကနဦး ခြေလှမ်း ၈ ရပ်”သည် ၂၀၁၅ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဂျိုဟန်နက်စ်ဘတ်ထိပ်သီးအစည်းအဝေးတွင် အဆိုပြုသည့် “တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု စီမံချက်ကြီး ၁၀ ရပ် ”နှင့်ဆက်စပ်နေသလို ထိရောက်ပြည့်စုံမှုရှိသောကြောင့် တရုတ်-အာဖရိက နှစ်ဖက်ပြည်သူများ၏အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းအောင် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အာဖရိကရေးရာ အထူးကိုယ်စားလှယ် ရွှီကျင့်ဟူ က ပြောကြားခဲ့သည်။

“ကနဦး ခြေလှမ်း ၈ ရပ်”တွင် စက်မှုလုပ်ငန်းမြှင့်တင်ရေး၊ အခြေခံအဆောက်အအုံကွန်ရက် ချိတ်ဆက် ရေး၊ ကုန်သွယ်မှုလွယ်ကူချောမောစေရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး စသည့်အရေးကြီးသည့် ကဏ္ဍ များပါဝင်ကြောင်းသိရသည်။

တရုတ်နိုင်ငံ အာဖရိကရေးရာ အထူးကိုယ်စားလှယ် ရွှီကျင့်ဟူက “ကနဦး ခြေလှမ်း ၈ ရပ်”သည် အာဖရိကသမဂ္ဂ “၂၀၆၃ခုနှစ် အစီအစဉ်”၊အာဖရိကတိုက်တစ်ခွင် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ကိုက်ညီမှုရှိရာ အာဖရိကတိုက် စီးပွားရေးတဟုန်ထိုး ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့်တင်ပေး နိုင်တော့မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.