Connect with us

Asia

ချမ်းသာသည့် နိုင်ငံများ အကူအညီ ပေးရာတွင် နိုင်ငံရေး မပါရန် သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘန်ဒေါင်း ညီလာခံအထိမ်းအမှတ်ပွဲ ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဂျာကာတာ ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ချမ်းသာ သည့် နိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ကို အကူအညီ ပေးရာတွင် နိုင်ငံရေး အမြတ်ထုတ်မှု မပါဝင်ရန် ဧပြီလ (၂၂) ရက်တွင် ပြောကြားသည်။

တောင် ၊ မြောက် ပူးပေါင်း ဆောင်ရွက်မှုများသည် သာတူညီမျှခြင်း နှင့် အတူ အပြန်အလှန် လေးစားမှု ရှိသင့်ကြောင်း သမ္မတရှီက အာရှ-အာဖရိက ခေါင်းဆောင်များ တက်ရောက်သည့် ဘန်ဒေါင်း ညီလာခံ အထိမ်းအမှတ် ပွဲတွင် ပြောကြားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ကူညီရန်နှင့် တောင်-မြောက် ကွာဟမှုကို ကျဉ်းမြောင်း စေရန် ကိစ္စရပ်များကို အလေးအနက် ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ၏ အဓိက ကုန်ပစ္စည်းများ တင်ပို့မှုကို ယခုနှစ် အတွင်း အထူး အခွင့်အရေး အနေဖြင့် အခွန် ကင်းလွတ်ခွင့် ၉၇ ရာခိုင်နှုန်း လျှော့ပေါ့ ခွင့်ပြုမည် ဖြစ်ကြောင်း သမ္မတရှီက ကြေညာခဲ့သည်။

သမ္မတရှီက တရုတ်နိုင်ငံ အနေဖြင့် အားလုံးနှင့် လက်တွဲကာ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကို အကောင်အထည်ဖော်ပြီး အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ကိုလည်း တည်ထောင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ ဧပြီလ (၂၂) ရက်တွင် ဘန်ဒေါင်း ညီလာခံအထိမ်းအမှတ်ပွဲကို အင်ဒိုးနီးရှားတွင် ဖွင့်လှစ်ခဲ့သည်။ သမ္မတ ရှီ သည် အင်ဒိုနီးရှားသို့ ဧပြီလ (၂၁) ရက် ညနေတွင် ရောက်ရှိခဲ့သည်။ ဘန်ဒေါင်း အထိမ်း အမှတ်ပွဲ ညီလာခံ ကို ၁၉၅၅ ခုနှစ်တွင် ကျင်းပ ခဲ့သည်။ (Xinhua)