Connect with us

Asia

နီပေါ ငလျင်ကြောင့် လူပေါင်း သေဆုံးသူ ၁၀,၀၀၀ ခန့် ရှိလာနိုင်

နီပေါ ငလျင်တွင် တရုတ်နိုင်ငံ ကယ်ဆယ်ရေး အဖွဲ့က ကယ်တင်နေစဉ် (Xinhua)

ခတ္တမန္ဒူ ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

နီပေါတွင် ဧပြီလ (၂၅) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လက်ရှိ သေဆုံးသူ ဦးရေ (တောင်တက်သမား များ အပါအဝင် ) ၄,၃၅၅ ဦးနှင့် ဒဏ်ရာရရှိသူ ၈,၀၆၅ ဦး ရှိနေပြီး သေဆုံးသူ ဦးရေ ၁၀,၀၀၀ ခန့် ရှိလာနိုင်ကြောင်း နီပေါ ဝန်ကြီးချုပ် Sushil Koirala က ဧပြီလ (၂၈) ရက်တွင် ပြောကြားသည်။

ဧပြီလ (၂၅) ရက်တွင် နီပေါ ၌ ပြင်းအား ၇.၉ ရစ်ချာ်တာစကေး ငလျင် လှုပ်ခတ် မှုကြောင့် အိမ်ခြေပေါင်း ၄၀၀,၀၀၀ ကျော် ပျက်စီး ခဲ့ကာ နောက်ဆက်တွဲ ငလျင် ၆.၇ ပြင်းအားသည် ဧပြီလ (၂၆) ရက် နေ့လည်တွင် လှုပ်ခတ်ခဲ့သည့် နီပေါ ငလျင်ကြောင့် လူပေါင်း ၆.၆ သန်း အပေါ် ထိခိုက်မှု ရှိကြောင်း အရေးပေါ် ဌာနက ပြောကြားသည်။

ပြင်းထန်သည့် ငလျင်ကြောင့် လူပေါင်း ၁.၄ သန်းကျော် အစားအသောက် လိုအပ်နေသည်။ UN၏ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဌာနမှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Valerie Amos က နီပေါ ငလျင်ဒဏ်သင့် ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁၅ သန်း ကူညီ မည် ဖြစ်ကြောင်း ဧပြီလ (၂၇) ရက် နေ့က ပြောကြား ခဲ့သည်။

အကူအညီ ပေးရေး အဖွဲ့ တစ်ခု ဖြစ်သည့် တရုတ် နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့သည် နီပေါကို ဧပြီလ (၂၆) ရက်တွင် ရောက်ရှိခဲ့သည်။ “ ကျွန်တော်တို့ နေ့ရော ညပါ ဆက်တိုက် အကူအညီ ပေးရေးတွေ ဆောင်ရွက် နေတာ ဒီနေ့ ဧပြီလ (၂၇) ရက်က တရုတ် နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ရဲ့ အထိမ်းအမှတ်နေ့ ဆိုတာကို မေ့နေပါတယ်” ဟု က အပြည်ပြည်ဆိုင်ရာ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့၏ ဒုတိယ ခေါင်းဆောင် Qu Guosheng က ပြောကြား သည်။

တရုတ် အစိုးရသည် ယွမ်သန်း ၂၀ ( အမေရိကန် ဒေါ်လာ ၃.၃ သန်း) တန်ဖိုးရှိ အကူအညီ ပေးရေး ပစ္စည်းများ ( ယာယီ ရွက်ဖျင်တဲ၊ စောင်များ၊ မီးစက်များ အပါအဝင် ) ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP ) လည်း နီပေါသို့ ရောက်ရှိ နေပြီဖြစ်သည်။

နိုင်ငံ အသီးသီးက တောင်တက်သမားများနှင့် ကယ်ဆယ်ရေး အဖွဲ့များလည်း နီပေါသို့ စေလွှတ် ခဲ့ကြသည်။

ယခု ဖြစ်ပွားခဲ့သည့် ငလျင်သည် အဆိုးဝါးဆုံး ဖြစ်ပြီး နီပေါတွင် ၁၉၃၄ ခုနှစ်၌ ပြင်းအား ၇.၈ ရစ်ချာ်တာစကေး ရှိသည့် ငလျင် လှုပ်ခတ် ခဲ့ဖူးသည်။ (Xinhua)