Asia
ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စုတွင် အင်အား ၅.ဝပမာဏရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိ

တိုကျို၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်းအလွန်တွင် နိုဝင်ဘာ ၂၃ ရက်က ကနဦးတိုင်းတာချက်များအရ အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာန က ပြောကြားခဲ့သည်။
ငလျင်သည် ဒေသစံတော်ချိန် ည ၁၁း၃၀နာရီ တွင် မြောက်လတ္တီကျု ၃၇ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၁.၂ဒီဂရီ ရှိ မြေပြင်အနက် ၅၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု နှင့် ဒဏ်ရာရရှိမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးသလို ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)