Connect with us

Asia

ဂျပန်နိုင်ငံ မီရာဂီ စီရင်စုတွင် အင်အား ၅.၁ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ငလျင်တိုင်းတာမှု ပုံစံ တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ပိုင်း တိုဟိုကုဒေသ ရှိ မီရာဂီဟီ စီရင်စု ၏ ပစိဖိတ်ကမ်းရိုးတန်း အလွန်တွင် ကနဦးတိုင်းတာချက် အရ အင်အား ၅.၁ ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဋ္ဌာနက မတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာန (JMA) ၏ ဖော်ပြချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၆း၃၂နာရီတွင် မြောက်လတ္တီကျု ၃၈.၉ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၂.၁ဒီဂရီ တွင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ကမ်းလွန်ငလျင်သည် အနက် ၅၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း JMA ကဖော်ပြခဲ့သည်။

JMA သည် အလယ်အလတ်အဆင့်ရှိသော ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု နှင့် အပျက်အစီးသတင်းများကို ဒေသခံအာဏာပိုင်များက ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ငလျင်ကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားစီရင်စု အနီးရှိ ဒိုင်အိချိ နျူကလီးယား ဓါတ်ပေါင်းဖိုဟေ င်းအပါအဝင် ဒေသတွင်းရှိ နျူကလီးယားဓါတ်ပေါင်းဖိုများတွင် အခြေအနေမူမမှန်မှုများ မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.