Connect with us

Asia

ဗီယက်နမ်နိုင်ငံ ရှိ တန်ဖိုးကြီးအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၃ဦးသေ၊ ၁၄ဦး ဒဏ်ရာရရှိ

မီးလောင်မှုဖြစ်ပွားနေသော ဗီယက်နမ်နိုင်ငံ ရှိ ကာရီနား ပလာဇာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟိုချီမင်းစီးတီး၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ရှိ အထပ် ၂၀ပါ တန်ဖိုးကြီးအိမ်ရာ တစ်ခု တွင် မတ် ၂၃ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။

မီးလောင်မှုသည် မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များ ရပ်နားရာ ကာရီနားပလာဇာ အဆောက်အအုံ မြေအောက်ထပ်မှ စတင်ခဲ့ပြီး အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ မတ် ၂၃ရက် နံနက်ပိုင်းအထိ အဆောက်အအုံအတွင်း၌ လူ အချို့ပိတ်မိနေဆဲဖြစ်ကြောင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အိမ်ရာ၌နေထိုင်သူများစွာသည် မီးလောင်မှုမှ လွတ်မြောက်ရန် အဆောက်အအုံပေါ်မှ ခုန်ချခဲ့ကြပြီး အမျိုးသမီးတစ်ဦး ၁၉ထပ်မှ ချော်ကျခဲ့ရာ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။မတ်လ ၂၃ရက် နံနက်အစောပိုင်း တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် အချိန်၂နာရီကျော်အတွင်း မီးသတ်သမားများက အဆောက်အအုံအတွင်းမှ လူရာပေါင်းများစွာကို ကယ်ထုတ်ခဲ့ကြောင်း သိရသည်။ခရိုင်အမှတ် ၈၊ Vo Van Kiet လမ်းမပေါ်ရှိ စတုရန်းမီတာ ၁၉,၀၀၀ ကျော်တွင် တည်ဆောက်ထားသော ကာရီနား ပလာဇာ တွင် ၁၄ထပ်မှ အထပ် ၂၀ထိရှိသည့် အဆောက်အအုံ ၃လုံး တွင် ဈေးဝယ်စင်တာများ၊ ဖျော်ဖြေရေးစင်တာများ နှင့် တိုက်ခန်းပေါင်း ၇၀၀ကျော် ပါရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117