Connect with us

Asia

ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် သံမဏိစက်ရုံ ပေါက်ကွဲမှု ဖြစ်ပွား ၁၆ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သံမဏ် စက်ရုံ တစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ဘက်ဖျားရှိ ဟိုကိုင်းဒိုး စီရင်စုရှိ သံမဏိ စက်ရုံ တစ်ခုတွင် ဧပြီလ ၂၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံ မီဒီယာက သတင်းဖော်ပြထားသည်။

ဒေသခံ သတင်းများအရ ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီတွင် အဆာဟီကာဝါမြို့ရှိ သံမဏိစက်ရုံ မီးပြင်းဖို တစ်ခု ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၆ ဦးအထိရှိလာခဲ့ကြောင်း အနည်းဆုံး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း အခင်းဖြစ်ပွားရာတွင် ရှိသော မီးသတ်သမားများက ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ စက်ရုံ ဧရိယာဝန်းကျင်အား ပိတ်ထားခဲ့ပြီး အခြား ပေါက်ကွဲမှုများ ဆက်လက် ဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အကြံပြုထားသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် စက်ရုံမှာ JR Asahikawa ဘူတာရုံမှ ၂ ကီလိုမီတာ အကွာတွင်ရှိပြီး ပေါက်ကွဲမှုကြောင့် ရထားသွားလာမှုအား အထိအခိုက်မရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.