Connect with us

Asia

ပါကစ္စတန်တွင် မိုးရွာသွန်းမှု နှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် တစ်ရက်အတွင်း လူ ၁၁ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ၏ မတူညီသောဒေသများတွင် မိုးရွာသွန်းမှုနှင့် ဆက်စပ်နေသော မတော်တဆမှုများကြောင့် လွန်ခဲ့သည့် ၂၄နာရီအတွင်း လူ ၁၁ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာ နှင့် တာဝန်ရှိသူများက ဧပြီ ၂၃ ရက်တွင်ပြောကြားခဲ့သည်။

Geo TV က နိုင်ငံ၏ အရှေ့ဘက် ပန်ဂျပ်ပြည်နယ်သည် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး လူ၇ဦးသေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။Kamonki ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပြိုကျခဲ့ပြီး အမျိုးသမီး ၂ဦး နှင့် ကလေး ၂ဦး ပါဝင်သည့် မိသားစုဝင် ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Sheikhupura ခရိုင်တွင် ဓါတ်အားပေးကေဘယ်လ်ကြိုးသည် ဆောက်လက်စ နေအိမ်တစ်လုံးပေါ် ပြုတ်ကျခဲ့၍ အတွင်းရှိ အလုပ်သမား၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၃ဦး သေဆုံးခဲ့ကာ အခြားသူများမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

နိုင်ငံ၏ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင်လည်း မိုးရွာသွန်းမှု နှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် လူ ၄ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင် ကပြောကြားခဲ့သည်။ပါကစ္စတန်နိုင်ငံ မိုးလေဝသဋ္ဌာန က လေပြင်းများ နှင့် မုန်တိုင်းများ ကြောင့် ဖြစ်ပေါ်လာသော မိုးရွာသွန်းမှုနှင့် သဲမုန်တိုင်းများသည် ပြည်နယ်နှစ်ခုအတွင်း ရှိ နေရာအနှံ့အပြားတွင် လာမည့် ၂၄နာရီအတွင်း တိုက်ခတ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)