Asia
ဂျပန်နိုင်ငံ အရှေ့ပိုင်းရှိ စားသောက်ဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွား၊အများအပြား ဒဏ်ရာရရှိ

တိုကျို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အရှေ့ပိုင်းTochigi မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲသတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။
မီးသတ်တပ်ဖွဲ့က ပေါက်ကွဲမှု သတင်းကို ဒေသစံတော်ချိန် နံနက် ဝ.၃၀ နာရီတွင် လက်ခံရရှိခဲ့ကြောင်း နှစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်းနှင့် အမျိုးသားလေးဦး၊ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြေညီထပ်တွင် တည်ရှိသော အဆိုပါ စားသောက်ဆိုင်သည် အချင်းဖြစ်ချိန်တွင် ပိတ်ထားကြောင်း၊ ဓာတ်ငွေ့လွှတ်ပိုက် အဆို့ပိတ်နေမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဆိုင်မန်နေဂျာက ဆိုသည်။
ယင်း ပေါက်ကွဲမှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့ဝင်များက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။(Xinhua)