Connect with us

Asia

နီပေါနိုင်ငံ အနောက်ပိုင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၆ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

နီပေါနိုင်ငံတွင် လူနာတင်ကားတစ်စီးမောင်းနှင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း ဒန်ခရိုင်ရှိ အဝေးပြေးလမ်းမပေါ်တွင် ဒီဇင်ဘာလ ၂၁ ရက်က ပျော်ပွဲစားမှ ပြန်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးထက်မနည်း သေဆုံး၍ ၁၄ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး အခြားသူ ၇ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားလိုက်သည်။

“ဘတ်စ်ကားက အဝေးပြေးလမ်းပေါ်ကနေ ချော်ကျခဲ့ကာ မီတာ ၅၀၀ လောက်ပြုတ်ကျသွားခဲ့ပြီးတော့ လူ ၁၆ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။ ပြီးတော့ လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၇ ဦးက ပျောက်ဆုံးနေတယ်။ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်” ဟု ခရိုင်အရာရှိချုပ် ဂိုဗင်ဒါ ပရာဆတ် ရီဂျေလ်က အခင်းဖြစ်ပွားရာနေရာမှ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဘတ်စ်ကားပေါ်ရှိ ခရီးသည်အများစုမှာ ဒေသခံစာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသားများနှင့် ဆရာများဖြစ်ပြီး ဆေလ်ယန်ခရိုင်တွင် ပျော်ပွဲစားသွားရာမှ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရီဂျေလ်က ပြောကြားခဲ့သည်။

“ယာဉ်တိမ်းမှောက်မှုမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေက ဘယ်သူတွေလဲဆိုတာကို ကျွန်တော်တို့တွေ သေချာအောင်စုံစမ်းနေပါတယ်။ ဒါပေမဲ့ အများစုက ကျောင်းသားတွေဖြစ်ဖို့များတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောခဲ့သည်။

ဒဏ်ရာရသူများအား ဒေသခံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရသည့် အကြောင်းရင်းအား ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

နီပေါနိုင်ငံတွင် လမ်းများ မကောင်းခြင်း၊ ယာဉ်မောင်းများ အရက်မူးခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်းနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)