Connect with us

Asia

ဂျပန်ရေခဲပြင်စကိတ်ကွင်း အောက်တွင် ရေခဲထားသည့် ငါးကောင်ရေ ၅,၀၀၀ ဖြင့် ထည့်သွင်းအလှဆင်ခဲ့၍ ပြည်သူများ ဒေါသထွက်ခဲ့

ဂျပန်ရေခဲပြင်စကိတ်ကွင်း အောက်တွင် ထည့်သွင်းထားသည့် ငါးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ရှိ အပန်းဖြေ ပန်းခြံတစ်ခု ရှိ ရေခဲပြင်စကိတ်ကွင်း အောက်တွင် ရေခဲထားသည့် ငါးကောင်ရေ ၅,၀၀၀အား အလှသဘောဖြင့် ထည့်သွင်းပြသခဲ့ရာ အများပြည်သူများ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

ဝေဖန်မှုများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် Kitakyushuမြို့ရှိ Space World အပန်းဖြေပန်းခြံ ၏ ရေခဲပြင် စကိတ်ကွင်း အား နိုဝင်ဘာ ၂၇ရက်တွင် ပိတ်ထားခဲ့ရပြီး ယင်းအလှဆင်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသူများအား တောင်းပန်ပါကြောင်း ထုတ်ပြန်ခဲ့သည်။

စကိတ်ကွင်းအောက်ဖက်တွင် ငါးအမျိုးအစား ၂၅မျိုးအား ရေခဲကာ ထည့်သွင်းထားသည့် အဆိုပါ ရေခဲပြင် စကိတ်ကွင်းအား နိုဝင်ဘာ ၁၂ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက်သူများအနေဖြင့် ပင်လယ်ပြင်ပေါ်တွင် စကိတ်စီးနေသကဲ့သို့ ခံစားမှုရစေရန် ရည်ရွယ်ကြောင်း သိရသည်။

သို့သော် အဆိုပါ လုပ်ရပ်အား လူမှုကွန်ရက်များပေါ်တွင် ရက်စက်ပြီး လူမဆန်သည့် လုပ်ရပ်တစ်ခုအဖြစ် လူများက ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း သိရသည်။

Space World၏ အထွေထွေမန်နေဂျာ တိုရှီမိ တခဲဒါ က အဆိုပါ ငါးများသည် ပင်လယ်စာ ဈေးကွက်မှ မဝယ်ယူခင်ကတည်းက သေဆုံးပြီးဖြစ်ကြောင်း နှင့် စိတ်အနှောင့်အယှက်ဖြစ်ပွားခဲ့မှုအတွက်လည်း များစွာတောင်းပန်ပါကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

၎င်းက ပန်းခြံ၌ ငါးများအတွက် အမှတ်တရ အခမ်းအနားကျင်းပပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.