Connect with us

Asia

အိမ်ရှေ့မင်းသားကို ဘုရင်အဖြစ် တင်မြှောက်ရေး လုပ်ငန်းစဉ် ထိုင်း အစိုးရအဖွဲ့ စတင်

ထိုင်း ဘုရင်သစ် တင်မြှောက်ရေးအတွက် အစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ဘုရင်သစ် တစ်ပါး တင်မြှောက်ရန်အတွက် အရေးကြီး ကိစ္စရပ်အား လွှတ်တော်သို့ အစိုးရအဖွဲ့က တင်သွင်းလိုက်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ် ဝန်စူမန်က နိုဝင်ဘာလ ၂၉ ရက်က ပြောကြားလိုက်ကြောင်း သိရသည်။

အိမ်ရှေ့မင်းသား မဟာ ဗာဂျီရယ်လောင်ကွန် (Maha Vajiralongkorn) အား ဘုရင်သစ် တစ်ပါးအဖြစ် တင်မြှောက်ရန်အတွက် လွှတ်တော် သို့မဟုတ် အမျိုးသား ဥပဒေပြု လွှတ်တော် (National Legislative Assembly= NLA) ထံသို့ တင်ပြခဲ့ပြီး ဖြစ်ကြောင်း ထိုင်း အစိုးရအဖွဲ့ အထူးအစည်းအဝေး ပြုလုပ်ပြီးနောက် ပရာဝတ်က သတင်းထောက်များသို့ ပြောကြားလိုက်သည်။

လုပ်ငန်းစဉ်တွင် ပါဝင်သည့် အရာအားလုံးနှင့် အိမ်ရှေ့မင်းသားနှင့်အတူ ပါဝင်သူတစ်ဦးအား လာမည့် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ၎င်းတို့ အနေဖြင့် မျှော်လင့်ထားကြောင်း ပရာဝတ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၃ ရက်တွင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဘူလျာဒတ် နတ်ရွာစံပြီးနောက် အိမ်ရှေ့မင်းသား ဗာဂျီရယ်လောင်ကွန်သာ ထီးနန်းနှင့် ထိုက်တန်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောကြားထားခဲ့သည်။

အခြေခံ ဥပဒေအရ နတ်ရွာစံ ဘုရင်၏ အရိုက်အရာ ခံယူမည့်သူအား အစိုးရအဖွဲ့က လွှတ်တော် ဥက္ကဋ္ဌထံသို့ အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ယင်းအား အဖွဲ့ဝင်များမှ လက်ခံရန်အတွက် လွှတ်တော် ဥက္ကဋ္ဌမှ အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ထို့နောက်မှ ထီးနန်းဆက်ခံမည့်သူအား ဖိတ်ကြားရမည် ဖြစ်သည်။

ဘုရင်သစ်အဖြစ် တင်မြှောက်ခြင်း ခံရန်အတွက် ဖိတ်ကြားချက်အား အိမ်ရှေ့မင်းသားက လက်ခံရယူမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.