Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် သမ္မတ ဒူတာတေး၏ လုံခြုံရေး တပ်သား ၇ ဦး ဒဏ်ရာရ

ဖိလစ်ပိုင် သမ္မတ ဒူတာတေးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် သမ္မတ ဒူတာတေးသည် နိုဝင်ဘာလ ၃၀ ရက်တွင် လာရောက်ရန်ရှိသော နိုင်ငံတောင်ပိုင်း မာရာဝီမြို့တွင် နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ချုံခိုတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ သမ္မတ လုံခြုံရေး အဖွဲ့ဝင် (PSG) ၇ ဦးနှင့် စစ်သား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သမ္မတ လုံခြုံရေး အဖွဲ့ဝင်များနှင့် အရပ်ဘက် ကိုယ်ရံတော် တပ်သွားများလိုက်ပါလာသော စစ်ယာဉ်တန်း တစ်ခုအား Barangay Matampay အရပ်တွင် နံနက် ၁၀း၄၅ နာရီဝန်းကျင်က လက်လုပ် ဖောက်ခွဲရေးဗုံးဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ပြည်သူ့ရေးရာ လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် အတ်ဂါ့အာဗဲလိုက ပြောသည်။

ယင်း တိုက်ခိုက်မှုသည် သမ္မတအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ယင်း ဧရိယာ၌ အစ္စလာမ်မစ်အဖွဲ့ တစ်ခု ဖြစ်သည့် Maute အဖွဲ့အား ဆန့်ကျင်သော လှုပ်ရှားမှု အပါအဝင် လုံခြုံရေးနှင့် ဆက်စပ် လုပ်ဆောင်မှုများ၏ အကျိုးဆက်ကြောင့်ဟု ပြောဆိုရန် စောသေးကြောင်း သမ္မတ လုံခြုံရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုက်ကယ် အကွီနိုက ပြောသည်။

ရက်သတ္တပတ်ကျော်အကြာက Lanao del Sur ခရိုင် Butig မြို့ရှိ အစိုးရအား ဆန့်ကျင်မှုများ လုပ်ဆောင်နေသည့်ကြားမှ အဆိုပါ အဖွဲ့နှင့် တွေ့ဆုံရန် မာရာဝီသို့ သွားမည် ဖြစ်ကြောင် ဒူတာတေးက နိုဝင်ဘာလ ၂၈ ရက်က ပြောကြားလိုက်သည်။ ၎င်းသည် မာရာဝီသို့ နိုဝင်ဘာလ ၃၀ ရက်တွင် သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.