Asia
စင်ကာပူနိုင်ငံ မှတ်ပုံတင်ကုန်သေတ္တာတင်သင်္ဘော နှင့် အခြားသင်္ဘော တစ်စီးတို့ တိုက်မိ
စင်ကာပူ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ် ပါစာ ဂူတန် ဆိပ်ကမ်းမှ ထွက်ခွာလာသည့် ဂျီဘရာလ်တာဒေသ မှတ်ပုံတင်ထားသည့် ကုန်သေတ္တာတင်သင်္ဘော တစ်စီး နှင့် စင်ကာပူနိုင်ငံ မှတ်ပုံတင်ထားသည့် ကုန်သေတ္တာတင်သင်္ဘောတစ်စီးတို့ ဇန်နဝါရီ ၃ရက်က တိုက်မိခဲ့ကြောင်း စင်ကာပူနိုင်ငံ ရေကြောင်း နှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ဇန်နဝါရီ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဂျီဘရာလ်တာဒေသ မှတ်ပုံတင် ကုန်သေတ္တာတင်သင်္ဘော၏ ဆီသိုလှောင်ကန်များအနက်တစ်ခုကို ထိခိုက်မိ၍ အနီးပတ်ဝန်းကျင်ရေပြင်၌ ရေနံဆီ တန်၃၀၀ခန့် ယိုကျဖိတ်စင်ခဲ့ကြောင်း သိရသည်။
MPA က Pulau Ubin ကျွန်း၏ အနောက်ဘက် အလွန်တွင် ရေနံဆီတချို့ ယိုဖိတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အာဏာပိုင်များက ယိုဖိတ်နေသည့် ရေနံဆီများအား ရှင်းလင်းရန် ရေထုညစ်ညမ်းမှုကာကွယ်ရေး ရေယာဉ် စုစုပေါင်း ၈စီးအား စေလွှတ်ခဲ့ကြောင်း သိရသည်။
MPA က သင်္ဘောတိုက်မိမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ အရှေ့ဂျိုဟောရေလက်ကြားတွင်လည်း သင်္ဘောလမ်းကြောင်းများပိတ်ဆို့မှုမရှိဘဲ စကာပူဆိပ်ကမ်း လုပ်ငန်းစဉ်များလည်း ပုံမှန်အတိုင်းလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)