Asia
စင်ကာပူ လေယာဉ် တစ်စီး ချန်ဂီလေဆိပ်သို့ အရေးပေါ် ဆင်းသက်စဉ် မီးလောင်မှု ဖြစ်ပွား
စင်ကာပူ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
စင်ကာပူ လေကြောင်းလိုင်း (SIA) ပိုင်လေယာဉ် တစ်စီးသည် ဇွန်လ ၂၇ ရက် နံနက်ပိုင်းက ချန်ဂီလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ ပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီဒီယာများ က ဖော်ပြခဲ့သည်။
လေယာဉ် ခရီးစဉ် အမှတ် SQ368 သည် စင်ကာပူနိုင်ငံမှ အီတလီနိုင်ငံ မီလန်မြို့သို့ ဇွန်လ ၂၇ ရက် နံနက် ၂း၀၅ နာရီတွင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ကာ လေယာဉ် ၂ နာရီခန့် ပျံသန်းပြီးနောက် လေယာဉ်မှူးက လေယာဉ်၏ အင်ဂျင်တွင် တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိနေသောကြောင့် စင်ကာပူ နိုင်ငံသို့ ပြန်လှည့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ လေယာဉ်သည် ချန်ဂီလေဆိပ်သို့ နံနက် ၇ နာရီ တွင် ပြန်လည် ဆင်းသက်နိုင်ခဲ့ပြီး နောက် ၎င်း၏ ညာဖက်တောင်ပံ မီးစွဲလောင်ခဲ့ကြောင်း သိရသည်။ သို့သော် လျင်မြန်စွာ ငြိမ်းသက်နိုင်ခဲ့ကြောင်း ခရီးသည် တစ်ဦးမှ ရိုက်ကူးခဲ့သည့် ဗီဒီယို ဖိုင်တစ်ခု အရ သိရသည်။
ခရီးသည်အားလုံး လေယာဉ်မှ လျင်မြန်စွာ ထွက်ခွာနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း Straits Times ၏ေ ဖာ်ပြချက်အရ သိရသည်။ (Xinhua)