Connect with us

Asia

အမေရိကန်မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကြောင့် တာလီဘန် ၁၆ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ဆင်ရေးပြုလုပ်နေသော အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ခန်ဒတ်ဇ် ၊ အာဖဂန်နစ္စတန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်မောင်းသူမဲ့ လေယာဉ် (drone) ၏ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ခန်ဒတ်ဇ် ပြည်နယ်၌ တာလီဘန် စစ်သွေးကြွ ၁၆ ဦးသေဆုံးသွားကြောင်း ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည့် အာဖဂန်စစ်တပ်ကြေညာချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာ တပ်ပေါင်းစု တပ်ဖွဲ့ရဲ့မောင်းသူမဲ့လေယာဉ်တွေဟာ တာလီဘန်ထိပ်တန်းခေါင်းဆောင် မူလာဂျနက်ဂူ ( Mullah Jannat Gul ) နဲ့သူ့နောက်လိုက်ပါ စစ်သွေးကြွ ၁၅ ယောက်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဇွန် ၂၅ ရက်ညပိုင်းက Chahar Dara ခရိုင် အတွင်းမှာ ရှိတဲ့ Quash Tipa လမ်းမပေါ်မှာ ကားနှစ်စီးနဲ့သွားနေတုန်း အဲဒီလူတွေကို သုတ်သင်ခဲ့တာပါ” ဟု ၎င်းဒေသအခြေစိုက် အာဖဂန် စစ်တပ်၏ တပ်မ ၂ဝ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုန်ကန်သူများသည် ၎င်းဒေသအား ပြန်လည်သိမ်းပိုက်ရန် ကြိုးစားနေကြသူများဖြစ်ပြီး ၎င်းတို့ရှိမည့်နေရာအား သတင်းပေးများ ပေးပို့လာသော သတင်းကို အတည်ပြုပြီးနောက် ယခုကဲ့သို့တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
Parwan ပြည်နယ် အရှေ့ပိုင်း ၊ Ghorband ခရိုင်အတွင်းရှိ အာဖဂန်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို တာလီဘန်ထောက်လှမ်းရေးအေးဂျင့်တစ်ဦးဖြစ်သူ Abdul Samad က ဇွန် ၂၅ ရက်တွင် အသေခံဗုံးခွဲမှုပြုလုပ်ခဲ့သည့် ဖြစ်စဉ်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် တာလီဘန် ၁၆ ဦးသေဆုံးသွားသည့် ဖြစ်စဉ် နှင့် ဆက်စပ်မှု မရှိကြောင်း စစ်တပ်အရင်းသတင်းအရင်းအမြစ်က ဆင်ဟွာသတင်းဌာနသို့ပြောသည်။
တာလီဘန်စစ်သွေးကြွများက နိုင်ငံတွင်းတိုက်ခိုက်မှုများတိုင်းမြင့်လုပ်ဆောင်လာခဲ့အပြီး ၂ဝ၁၆ ခုနှစ် ဧပြီလ အစောပိုင်းမှ စတင်ကာ နေတိုးတပ်ဖွဲ့ဝင်များ နှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများအား မောင်းသူမဲ့ ဒရုန်းတိုက်ခိုက်မှုများကို တိုးမြင့်လုပ်ဆောင်ခဲ့သည်။
အဆိုပါ စစ်သွေးကြွ ၁၆ ဦးသေဆုံးသွားသည့် ကိစ္စ နှင့်ပတ်သက်၍ တာလီဘန်တို့ဖက်က မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.