Connect with us

Asia

ဇီကာနှင့် ဦးခေါင်းသေး ကလေးငယ်မွေးဖွားမှု ဆက်စပ်မှုရှိကြောင်း ထိုင်း မွေးကင်းစကလေး နှစ်ဦးက အတည်ပြု

ကိုယ်ဝန်ဆောင် မိခင်၊ ကလေးငယ်နှင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ဆက်စပ်မှုအား ပုံဖော်ထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ဦးခေါင်းသေးငယ်သည့် ကလေးငယ် မွေးဖွားမှု နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ယင်းက အရှေ့တောင်အာရှတွင် ဇီကာဗိုင်းရပ်စ်နှင့် ဦးခေါင်းသေး ကလေးငယ် မွေးဖွားမှု ဆက်စပ်နေခြင်းအား ထိုင်းနိုင်ငံက အတည်ပြု ပြသလိုက်ရာရောက်ကြောင်း သိရသည်။

“ကျွန်တော်တို့မှာ မွေးကင်းစ ဦးခေါင်းသေး ကလေးငယ် သုံးဦးရှိနေပြီး နှစ်ဦးက ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်” ဟု ထိုင်းနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဋ္ဌာန အကြံပေး ပရာဆတ် သုန်ချရွန်က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာ Khaosod ၌ ဖော်ပြထားသည်။

“တတိယ မွေးကင်းစ ကလေးမှာတော့ လက်ရှိအချိန်ထိ ဗိုင်းရပ်စ် ကူးစက်တဲ့ အခြေအနေ မရှိသေးပါဘူး၊ မမွေးဖွားသေးတဲ့ ကလေးငယ်တွေမှာတော့ ဦးခေါင်းသေးကလေးငယ် ဖြစ်နိုင်ခြေ သံသယရှိနေဆဲပါပဲ” ဟု ပရာဆတ်က ပြောသည်။

ထို့ပြင် ကလေး မမွေးဖွားရသေးသည့် မိခင်များအား ကြည့်ရှုစောင့်ရှောက်ရန်နှင့် ၎င်းအား ဇီကာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ရန် အဖွဲ့တစ်ခုအား တည်ထောင်ရန် ပရာဆတ်က ပြောကြားခဲ့သည်။

ယခု ဖြစ်ရပ်သည် အရှေကတောင်အာရှတွင် ပထမဆုံး ဇီကာနှင့် ဆက်စပ်သည့် ဦးခေါင်းသေး ကလေးငယ် မွေးဖွားခြင်း ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.