Connect with us

Asia

တရုတ် ၊ ရုရှား နိုင်ငံများနှင့် ကုန်သွယ်ရေး တံခါးဖွင့်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတိပြု

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက“ကျွနု်ပ် နှင့် အမေရိကန်ကြားက နယ်နိမိတ်မျဉ်းကိုဖြတ်ကျော်၍” ဟူသော ကြွေးကြော်သံဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို တံခါးဖွင့်ပြီး တရုတ် ၊ ရုရှားနိုင်ငံများနှင့် ကူးလူးဆက်ဆံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။

လေကြောင်းလိုင်းကဏ္ဍ၊ သတင်းဆက်သွယ်ရေးကဏ္ဍများ၊ သင်္ဘောပို့ဆောင်ရေး အပါအဝင် တရုတ် နှင့် ရုရှားနိုင်ငံများအား နှစ် ၆ဝ မြေငှားရမ်းခွင့်ကို နောက်ထပ် နှစ် ၆ဝ ထိ သက်တမ်းတိုးပေးမည့် အစီအစဉ်များကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒူတာတေး ကဆိုသည်။
“ အမေရိကန်နဲ့နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ပြီးသွားပါတော့မယ်။ အဲဒီဆုံမှတ်ကနေ နောက်ပြန် လှည့်ဖို့မရှိတော့ပါဘူး” ဟု မာလာကာနန်(Malacanang) သမ္မတအိမ်တော်၌ ကျင်းပသည့် ကျမ်းကျိန်ပွဲတွင် ဒူတာတေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
နယ်နိမိတ်မျဉ်းကိုဖြတ်ကျော်ခြင်း“ cross the Rubicon ” အဓိပ္ပါယ်မှာ ဆုံမှတ်တစ်ခုကို ဖြတ်ကျော်ပြီးချိန်တွင် နောက်ပြန်မလှည့်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါ စကားလုံးသည် ပုန်ကန်ထကြွရန်အတွက် ဘီစီ ၄၉ ခုနှစ်တွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ရူဘီကွန်မြစ်ကို ဂျူလီးယက်ဆီဆာ၏ တပ်ဖွဲ့ဝင်များက ဖြတ်ကျော်ခဲ့ခြင်းကို ညွှန်းဆိုခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.