Asia
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ်အား အူရဒူ ဘာသာစကားဖြင့် ပါကစ္စတန်တွင် ဖြန့်ချိ
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)
အူရဒူ ဘာသာစကားဖြင့် ထုတ်ဝေထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် “Xi Jinping: The Governance of China” အား ဧပြီလ ၁၄ ရက်က ပါကစ္စတန်နိုင်ငံ၌ စတင် ဖြန့်ချိသည့် အခမ်းအနား ပြုလုပ်ခဲ့ရာ ပါကစ္စတန်နှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် သုတေသီ ၃၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေးဋ္ဌာန ဒုတိယ ဋ္ဌာနမှူး Jiang Jianguo တို့လည်း အဆိုပါ စာအုပ် မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ထို စာအုပ်တွင် အသိကြွယ်ခြင်းနှင့် လှုံ့ဆော်ခြင်း နှစ်မျိုးလုံးအား ပေးစွမ်းနိုင်ကြောင်း၊ တရုတ် သမ္မတ ရှီကျင့်ဖိန်က ၎င်း၏ အတွေ့အကြုံများနှင့် ဉာဏ်ပညာရှိပြီး စာနာမှုနှင့် ကြင်နာမှု ရှိသော အတွေးအခေါ်များကိုလည်း မျှဝေထားကြောင်း၊ မြင့်မားသည့် နိုင်ငံရေးအကြောင်းသာလျှင်မကဘဲ သာမန် ပြည်သူများ၏ ဘဝအကြောင်းအရာများ၊ လူမှုဘဝများနှင့် စိတ်ကူးများလည်း ပါဝင်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ရှာရစ်ဖ်က မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် “Xi Jinping: The Governance of China” ကို အူရဒူ ဘာသာစကားဖြင့် ဖြန့်ချိခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေးဋ္ဌာန ဒုတိယ ဋ္ဌာနမှူး Jiang က ပါကစ္စတန်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း၊ ညီရင်းအစ်ကိုကောင်းနှင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းအတွက် မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္က ံ (CPEC) က ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း၏ အခရာဖြစ်ပြီး ပါကစ္စတန် ဒေသခံပေါင်း ၁၀,၀၀၀ ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“Xi Jinping: The Governance of China” စာအုပ်ကို ပါကစ္စတန်တွင် အင်္ဂလိပ် ဘာသာစကားဖြင့် ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့စဉ်ကလည်း လူကြိုက်များခဲ့ကြောင်းနှင့် ယခုလို အူရဒူ ဘာသာစကားဖြင့် ထုတ်ဝေလိုက်သည့်အခါတွင်မူ တရုတ် သမ္မတ ရှီ၏ အုပ်ချုပ်မှုဆိုင်ရာ အတွေးအခေါ်ကို ပါကစ္စတန်ရှိ စာဖတ်သူများက လွယ်ကူစွာ သိရှိနိုင်မည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Sun Weidong က ပြောကြားခဲ့သည်။
ဤစာအုပ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၄ ခုနှစ် ဇွန်လအထိ သမ္မတ ရှီ၏ မိန့်ခွန်း၊ ပြောစကားများ၊ တွေ့ဆုံမေးမြန်းမှုများ၊ မှတ်ချက်များ ၇၉ ခု ပါဝင်သည်။ အဆိုပါ စာအုပ်အား ယနေ့အထိ ဘာသာပေါင်း ၁၆ ခုဖြင့် ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်သလို ကမ္ဘာ့အနှံ့ စာအုပ်ပေါင်း ၆.၂ သန်း ဖြန့်ချိပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)