Connect with us

Asia

မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှု မအောင်မြင်ကြောင်း တောင်ကိုရီးယား စစ်ဘက် ပြောကြား

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် စမ်းသပ်မှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် ယနေ့ နံနက် အစောပိုင်းက အရှေ့ဘက် ကမ်းရိုးတန်းတွင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့ရာ မအောင်မြင်ဖြစ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲ ကာကွယ်ရေးဦးစီးချုပ် (JCS) က ပြောသည်။

မြောက်ကိုရီးယားက စမ်းသပ်ခဲ့သည့် ဒုံးကျည်မှာ အမျိုးအစား ခွဲခြားနေဆဲ ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၅ ရက်ကလည်း မြောက်ကိုရီးယားက အရှေ့ဘက် ကမ်းရိုးတန်းအနီးတွင် တိုက်ချင်းပစ် ဒုံးပျံ တစ်စင်း စမ်းသပ်ခဲ့သော်လည်း ပုံမမှန် ပျံသန်းကာ အရှေ့ဘက်ကမ်းရိုးတန်း ရေပြင်အတွင်း ပြုတ်ကျခဲ့ပြီး မအောင်မမြင် ဖြစ်ခဲ့သည်။

အဆိုပါ ဒုံးကျည်မှာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော တိုက်ချင်းပစ် ဒုံးပျံ နည်းပညာ အခြေခံကာ အသစ် ထုတ်လုပ်ထားသော တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည် Pukguksong-2 ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ် အမျိုးအစား ခွဲခြားခဲ့သည်။

ရက်သတ္တပတ် အစောပိုင်းကတည်းက ကိုရီးယား ကျွန်းဆွယ်အရေး အခြေအနေများ ယခုလို တင်းမာနေသည့်ကြားမှ မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၁၆ ရက်တွင် ထပ်မံ စမ်းသပ်ခဲ့ရာ မအောင်မမြင်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ဧပြီလ ၁၅ ရက်က လက်ရှိ သမ္မတ ကင်ဂျုံအန်း၏ အဘိုးဖြစ်သူ နိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့် မွေးနေ့ အဖြစ် စစ်ရေးပြ အခမ်းအနားကြီး တစ်ခု ကျင်းပခဲ့သည်။

အဆိုပါ စစ်ရေးပြ အခမ်းအနားကြီးတွင် ကမ္ဘာ့ တိုက်ကြီးများ အချင်းချင်း ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစား သုံးခုအား ထုတ်ဖော်ပြသခဲ့သည်။

ဧပြီလ ၁၆ ရက် နံနက်ပိုင်းတွင် Cheong Wa Dae ရှိ သမ္မတရုံးတွင် အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူရန် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယား သမ္မတ ထိပ်တန်း အကြံပေး ကင်ကွမ်-ဂျင်က စီစဉ်ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဒုတိယ သမ္မတ Mike Pence သည် အာရှ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံသို့ ဧပြီလ ၁၆ ရက် ညနေပိုင်းတွင် လာရောက်ရန်ရှိကြောင်း၊ ဝန်ကြီးချုပ် Hwang နှင့် တွေ့ဆုံရန် စီစဉ်ထားသလို ဆိုးလ်မြို့၌ ဧပြီလ ၁၇ ရက်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xihua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.