Connect with us

Asia

ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော စစ်ရေးပြ အခမ်းအနားကြီးတွင် မြောက်ကိုရီးယား ထုတ်ဖော်ပြသ

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်၏ ၁၀၅ နှစ်ပြည့် မွေးနေ့ အခမ်းအနားတွင် တွေ့ရသည့် သမ္မတ ကင်ဂျုံအန်းနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပြုံယမ်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် ဧပြီလ ၁၅ ရက်က ၎င်း၏ စစ်ဘက်ဆိုင်ရာ အင်အား ပြသသည့်အနေဖြင့် ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ရောက်အောင် ပစ်ခတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စင်း အပါအဝင် အဆင့်မြင့်ဆုံး ပဲ့ထိန်းနှင့် နည်းဗျူဟာသုံး ဒုံးကျည်များအား စစ်ရေးပြ အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်များအား မြို့တော် ပြုံယမ်း အလယ်ရှိ Kim II Sung Square တွင် ကျင်းပသည့် မြောက်ကိုရီးယားနိုင်ငံအား တည်ထောင်သူ ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပနေစဉ်အတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်က စမ်းသပ်ခဲ့သော မြေပြင်မှ ဝေဟင်သို့ ကီလိုမီတာ ၁၀၀ အကွာအဝေး ပစ်ခတ်နိုင်သော နောက်ဆုံးပေါ် အဆင့်မြှင့်ထားသည့် ပဲ့ထိန်းတပ် ဒုံးကျည် “Lightning” နှင့် ကီလိုမီတာ ၁၀၀၀ အကွာအဝေး အထိ ပစ်လွှတ်နိုင်သော Polaris ဒုံးကျည်တပ် ရေငုပ်သင်္ဘောသစ် တစ်စင်းအား ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယား သမိုင်းကြောင်း တစ်လျှောက် အကြီးဆုံး စစ်ရေးပြ အခမ်းအနား တစ်ခုလည်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ခြင်းကြောင့် အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေး တင်းမာမှု မြင့်မားနေချိန်တွင် ယခုလို နှစ်ပတ်လည် အခမ်းအနားများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သုံးနာရီကြာ ပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသလို နိုင်ငံခြားသား ဧည့်သည်တော်များ၊ သံတမန်အဖွဲ့များ၊ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ အစိုးရ အရာရှိကြီးများအားလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.