Connect with us

Asia

တောင်ကိုရီးယားနိုင်ငံက မေလတွင် အလုပ်အကိုင်နေရာပေါင်း ၆၁၉,၀၀၀ ခန့်ထားနိုင်ခဲ့ ၊ အလုပ်လက်မဲ့ ၄ ရာခိုင်နှုန်းရှိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရှိ Gwanghwamun ဘူတာအနီး လမ်းကူးရန် စောင့်ဆိုင်းနေသည့် အမျိုးသမီးများအား ၂၀၂၀ပြည့်နှစ် သြဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ ယုခုနှစ်အစောပိုင်းမှ စတင်ကာ မေလတွင် အလုပ်အကိုင်နေရာပေါင်း ၆၁၉,၀၀၀ ဖြည့်စွက်ခန့်ထားနိုင်ခဲ့ခြင်းနှင့်အတူ အလုပ်လက်မဲ့ပမာဏ ၄.၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာကြောင်း စာရင်းအင်းရုံးမှ မေ ၉ ရက်တွင် အချက်အလက်ထုတ်ပြန်ခဲ့သည်။မေလတွင် အလုပ်အကိုင်နေရာပေါင်း ၂၇,၅၅၀,၀၀၀ ရှိခဲ့ရာ ယခုနှစ်အစောပိုင်းကထက် ၆၁၉,၀၀၀ ခန့ မြင့်တက်လာကြောင်း ကိုရီးယား စာရင်းအင်းဌာနမှ သိရသည်။

အလုပ်အကိုင်ခန့်ထားနိုင်မှုသည် ၃ လဆက်တိုက် မြင့်တက်ခဲ့ရာ မတ်တွင် အလုပ်အကိုင်နေရာ ၃၁၄,၀၀၀ ခု နှင့် ဧပြီတွင် ၆၅၂,၀၀၀ ခု အသီးသီး ခန့်ထားနိုင်ခဲ့သည်။

အသက်၁၅နှစ် နှင့်အထက် အလုပ်အကိုင်ရရှိမှုနှုန်းသည် မေလ၌ တစ်နှစ်လုံးစာတွင် ၆၁.၂ ရာခိုင်နှုန်းရှိခဲ့ရာ ၁.၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
မေလတွင် အလုပ်လက်မဲ့ဦးရေ စုစုပေါင်း ၁,၁၄၈,၀၀၀ ရှိခဲ့ရာ ယခုနှစ်အစောပိုင်းမှစ၍ ၁၃၀,၀၀၀ ခန့်ကျဆင်းသွားသည်။ ပြီးခဲ့သည့်လတွင် အလုပ်လက်မဲ့ပမာဏ ၀.၅ ရာခိုင်နှုန်းမှ ၄.၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

အလုပ်ရှာရန် စိတ်အားထက်သန်မှု မရှိသူများသည် အလုပ်လက်မဲ့များအဖြစ်ဆက်လက် ကျန်ရစ်နေရပြီး စီးပွားရေးအရ အလုပ်မရှိသောလူဦးရေသည် မေလတွင် ၁၆,၃၅၁,၀၀၀ သို့ ရောက်ရှိခဲ့ရာ ပြီးခဲ့သည့် တစ်နှစ်ကထက် ၁၉၆,၀၀၀ ဦးခန့် ကျဆင်းခဲ့သည်။ (Xinhua)

——————————————————-
(English Version)

S.Korea adds 619,000 jobs in May, jobless rate at 4 pct

SEOUL, June 9 (Xinhua) — South Korea added 619,000 jobs in May from a year earlier, with jobless rate standing at 4.0 percent, statistical office data showed Wednesday.
The number of those employed was 27,550,000 in May, up 619,000 from a year earlier, according to Statistics Korea.

The employment continued to rise for three straight months, with an increase of 314,000 people in March and 652,000 in April respectively.
Employment rate among those aged 15 or higher rose 1.0 percentage point over the year to 61.2 percent in May.

The number of those unemployed totaled 1,148,000 in May, down 130,000 from a year earlier. Unemployment rate declined 0.5 percentage point to 4.0 percent last month.

The number of economically inactive population, who had no willingness to seek a job and remained unemployed, came to 16,351,000 in May, down 196,000 from a year ago. Enditem