Asia
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်းအား ထောင်ဒဏ် နှစ် ၃၀ ချမှတ်ရန် ရှေ့နေများ တောင်းဆို

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ရှေ့နေများက သမ္မတဟောင်း ပက်ဂွမ်ဟေး (Park Geun-hye) အား ထောင်ဒဏ် နှစ် ၃၀ ချမှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလိုက်သည်။
ပက်သည် သမ္မတ၏ လုပ်ပိုင်ခွင့်အား ကိုယ်ကျိုးအတွက် အသုံးချခဲ့ခြင်း၊ အခွင့်အာဏာအား အလွဲသုံးခဲ့ခြင်း၊ အခြေခံဥပဒေအား ချိုးဖောက်ခြင်းများအတွက် ဒဏ်ငွေ ဝမ် ၁၁၈.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၀.၅ သန်း) ပေးဆောင်ရန် တောင်းဆိုလိုက်သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခံရုံးသည် လွှတ်တော်၏ ထောက်ခံမှုဖြင့် ပက်အား စွပ်စွဲပြစ်တင်ခြင်းဖြင့် ၂၀၁၇ ခုနှစ် မတ်လတွင် ရာထူးမှ ဖယ်ရှား ခံခဲ့ရသည်။ (Xinhua)