Connect with us

Asia

အိန္ဒိယတွင် ကားတစ်စီးက ရပ်ထားသောကား ကိုဝင်တိုက်မိ၍ လူ ၅ဦးသေ၊ ၇ဦး ဒဏ်ရာရရှိ

အိန္ဒိယတွင် ကားတစ်စီးမှ ရပ်ထားသောကား ကိုဝင်တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၇ ရက်က ခရီးသည်များ တင်ဆောင်လာသော ကားတစ်စီးသည် ရပ်ထားသော အခြားကားတစ်စီးအား အရှိန်ဖြင့် ဝင်တိုက်မိရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် Maharashtra ပြည်နယ်မြို့တော် မွမ်ဘိုင်းမြို့ အရှေ့ဘက် ၄၀၀ကီလိုမီတာ အကွာခန့်ရှိ Solapur ခရိုင် ရှိ Haglur ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Solapur ခရိုင် ရဲတာဝန်ရှိသူတစ်ဦးက ယနေ့နံနက်အစောပိုင်းတွင် ခရီးသည်များ တင်ဆောင်လာသော ကားတစ်စီးသည် Haglur ရွာ ရှိ Tuljapur-Pandharpur လမ်းမပေါ်တွင် ရပ်နားထားသော SUV အမျိုးအစား ယာဉ်တစ်စီးအား ဝင်တိုက်မိ၍ ယာဉ်၂စီး စလုံးမှ လူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဒဏ်ရာရရှိသူအားလုံးကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၅ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန် ၇ဦးအား ဆေးကုသပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.