Asia
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေးအား အကျင့်ပျက် ခြစားမှုအတွက် ထောင်ဒဏ် ၂၄ နှစ်ချမှတ်
ဆိုးလ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေးအား ထောင်ဒဏ် ၂၄ နှစ်နှင့် ငွေဒဏ် ဝမ် ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ သန်း) ပြစ်ဒဏ်ကျခံစေရန် တရားရုံးက ယနေ့ (ဧပြီလ ၆ ရက်) တွင် ချမှတ်လိုက်ကြောင်း သိရသည်။
ပက်သည် လွန်ခဲ့သည့်နှစ် မတ်လက ၎င်း၏ နှစ်ပေါင်းရှည်ကြာ ရင်းနှီးချစ်ခင်သော သူငယ်ချင်း Choi Soon-sil ၏ အရှုပ်တော်ပုံကြောင့် ရာထူးမှဖယ်ရှားခံရကာ လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးမှုနှင့် အကျပ်ကိုင်မှု အပါအဝင် အကျင့်ပျက်ခြစားမှု စွဲချက် ၁၆ မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။
ရှေ့နေများက ပက်အား စွဲချက်ပေါင်း ၁၈ ခုဖြင့် ထောင်ဒဏ် နှစ် ၃၀နှင့် ငွေဒဏ် ဝမ် ၁၁၈.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၁.၄ သန်း) ကျခံစေရန် တရားစွဲဆိုထားခြင်း ဖြစ်သည်။ (Xinhua)