Connect with us

Asia

တောင်ကိုရီးယား နိုင်ငံသား ရာပေါင်းများစွာ မိသားစု ပြန်လည် တွေ့ဆုံပွဲ အတွက် မြောက်ကိုရီးယားသို့ ဦးတည်ထွက်ခွာ

မြောက်ကိုရီးယား နိုင်ငံသို့ ပြန်လည်တွေ့ဆုံပွဲ မသွားခင် တောင်ကိုးရီးယားအဖွားအို၏ ကျန်းမာရေး အခြေအနေအား ဆရာဝန်မှ စစ်ဆေးပေးနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) နိုင်ငံသား သက်ကြီး ရွယ်အို ရာပေါင်းများစွာ သည် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲ မှ စတင်၍ ကွဲကွာခဲ့ကြသော မြောက်ကိုရီးယား (DPRK) ရှိ ဆွေမျိုးများ နှင့် တွေ့ဆုံရန် မြောက်ကိုရီးယား နိုင်ငံသို့ အောက်တိုဘာလ ၂၀ ရက်တွင် ဦးတည် ထွက်ခွာလာပြီ ဖြစ်ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံ မိသားစုပေါင်း ၉၆ ခု မှ နိုင်ငံသား ၃၈၉ ယောက်ကို တင်ဆောင် လာသော ယာဉ်တန်းကြီး သည် ဒေသ စံတော်ချိန် နံနက် ၀၈း၃၀ (ဂရင်းနစ် စံတော်ချိန် ၂၃း၃၀) တွင် တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်း ရှိ စွတ်ချိုမြို့မှ စတင် ထွက်ခွာ လာခဲ့ကြောင်း တောင်ကိုးရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန မြောက်ကိုရီးယား ရေးရာ တာဝန်ခံ ၏ ပြောကြားချက် အရသိရသည်။

တောင်ကိုရီးယား မိသားစု ဝင်များသည် မြောက်ကိုရီးယား တွင် သုံးရက်တာ နေထိုင်စဉ်အတွင်း လိုက်နာ ဆောင်ရွက်ဖွယ်များ၊ ရှောင်ကြဉ် ရမည့် ကိစ္စရပ်များ ပညာပေး ဟောပြောခြင်း နှင့် ဆေးစစ်ခြင်း တို့ကို ခံယူရန် အတွက် စစ်မဲ့ဇုန် အနီး စွတ်ချိုမြို့ ရှိ အပန်းဖြေစခန်း တွင် လွန်ခဲ့သည့် ညက ရပ်နားခဲ့ကြသည်။

အဆိုပါ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ မိသားစု ဝင်များပြန်လည် တွေ့ဆုံပွဲ သို့ တက်ရောက် လာကြသူများသည် အများအားဖြင့် အသက် ၈၀ နှင့် ၉၀ ကျော် အရွယ် ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။ နှစ်ဖက် ဆွေမျိုးများ တွေ့ဆုံရန် သဘောတူညီချက် သည် သြဂုတ်လ အကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ အဆင့်မြင့် စစ်ဖက် အရာရှိများ ဆွေးနွေးပွဲ တွင် နှစ်ဖက် တင်းမာမှု ကို လျှော့ချရန် သဘောတူ ညီမှုရရှိပြီး နောက်ပိုင်းတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

သက်ကြီးရွယ်အို များ တင်ဆောင်လာသော ဘတ်စ်ကား ၁၆ စီး ရှိပြီး ထိုကားများ နောက်တွင် ခရီးသည်များ သည် အသက်အရွယ် ကြီးရင့်မှုကြောင့် ကျန်းမာရေးဆိုင်ရာ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက အရေးပေါ်ကုသနိုင်ရန် လူနာတင် ယာဉ်ငါးစီး လိုက်ပါလာ ကြကြောင်း သိရှိရသည်။ အချို့ မိသားစုဝင်များ အား လူနာတင်ယာဉ်များ ဖြင့်ပင် သယ်ဆောင် လာရပြီး အချို့ကို ဘီးတပ်ကုလားထိုင်များ၊ အောက်ဆီဂျင်ဗူးများဖြင့် ခေါ်ဆောင် လာရကြောင်း သိရသည်။

ကွဲကွာနေသော မိသားစုဝင်များသည် အရှေ့ဖက် ကမ်းရိုးတန်း တလျှောက်ရှိ ကိုရီးယား နှစ်နိုင်ငံကြား နယ်စပ်ဒေသ အား ဒေသစံတော်ချိန် နေ့လည် ၁း၀၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၄း၀၀) တွင်ဖြတ်ကျော်ပြီး မြောက်ကိုရီးယား နိုင်ငံ အရှေ့တောင်ဖက် ကမ်းရိုးတန်း ဂွန်ဂန်းတောင်ရှုခင်းကြည့် အပန်းဖြေနေရာ သို့သွားရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယား နိုင်ငံသားများသည် ကွဲကွာနေသော မြောက်ကိုရီးယား နိုင်ငံသား ၁၄၁ ယောက်နှင့် နှစ်နာရီကြာ စုဝေးမှုကို (ဒေသစံတော်ချိန် နေ့လည် ၃း၃၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၆း၃၀) တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ဂွန်ဂန်းတောင် အပန်းဖြေစခန်း တွင် အောက်တိုဘာလ ၂၂ ရက်အထိ ၃ ရက် ကြာနေထိုင်စဉ်အတွင်း ကွဲကွာနေသော မိသားစုများသည် ခြောက်ကြိမ်တွေ့ဆုံခွင့် ရရှိမည်ဖြစ်ပြီး တစ်ကြိမ်လျှင် ၂ နာရီ ကြာမြင့် မည်ဖြစ်ကာ အများမြင်ကွင်းတွင် သာမက သီးသန့် အနေဖြင့်ပါတွေ့ဆုံနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)