Connect with us

Asia

တောင်ကိုရီးယား (ROK) ဒုတိယအုပ်စု ဆွေမျိုးများနှင့် တွေ့ဆုံ ရန် မြောက်ကိုရီးယား(DPRK) သို့ဦးတည် ထွက်ခွာ

တောင်ကိုရီးယား(ROK) နှင့်မြောက်ကိုရီးယား(DPRK) မှ မိသားစု ဆွေမျိုးများ ပြန်လည်တွေ့ဆုံပွဲ၌ တွေ့ဆုံနေကြစဉ်(ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ(၂၃)ရက် (ဆင်ဟွာ)

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးချိန်မှစ၍ ကွဲကွာခဲ့ရသော မြောက်ကိုရီးယား (DPRK) ရှိမိသားစုဆွေမျိုး များနှင့် ပြန်လည်တွေ့ဆုံရန် တောင်ကိုရီးယား(ROK) နိုင်ငံသား များ ပါဝင်သော ဒုတိယအုပ်စုသည် အောက်တိုဘာ ၁၄ရက်က မြောက်ကိုရီးယား(DPRK) သို့ ဦးတည်ထွက်ခွာလာပြီဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယားနိုင်ငံသား မိသားစုပေါင်း ၉၀ မှ သက်ကြီးရွယ်အို နိုင်ငံသား ၂၅၄ယောက်သည် ဆွေမျိုးများနှင့် တွေ့ဆုံရန် တောင်ကိုရီးယားနိုင်ငံ(ROK) အရှေ့မြောက် ကမ်းရိုးတန်း ရှိ စွတ်ချိုမြို့မှ မြောက်ကိုရီးယား နိုင်ငံ (DPRK) အရှေ့တောင်ဖက် ကမ်းရိုးတန်း ဂွန်ဂန်းတောင်ရှုခင်းကြည့် အပန်းဖြေနေရာ သို့ ဒေသစံတော်ချိန် ၈း၄၅ မိနစ် (ဂရင်းနစ်စံတော်ချိန် ၂၃း၄၅မိနစ်) ၌စတင်ထွက်ခွာလာခဲ့ကြောင်း သိရှိရသည်။

သက်ကြီးရွယ်အို များ တင်ဆောင်လာသော ဘတ်စ်ကားတန်းကြီးသည် ကိုရီးယား နှစ်နိုင်ငံကြား စစ်မဲ့ဇုန် ကိုဖြတ်ကျော်ကာ မြောက်ကိုရီးယား(DPRK) သို့ ထွက်ခွာလာခဲ့ကြကြောင်းသိရသည်။

တွေ့ဆုံပွဲတွင်ပါဝင်မည့်သူများသည် အများအားဖြင့် အသက် ၈၀ နှင့် ၉၀ ကျော် အရွယ် များဖြစ်ပြီး ညနေ ၃း၃၀ တွင် အပန်းဖြေနေရာ၌ ဆယ်စုနှစ်ခြောက်ခုခန့် ကွဲကွာခဲ့ကြသော ဆွေမျိုးများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား(ROK) နိုင်ငံသားများ သည် အောက်တိုဘာလ ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိ မြောက်ကိုရီးယား(DPRK) တွင် နေထိုင်ခွင့် ရရှိမည်ဖြစ်ကာ ဆွေမျိုးများနှင့် စုစုပေါင်း တွေ့ဆုံချိန် ၁၂နာရီ ရရှိမည်ဖြစ်ပြီး တစ်ကြိမ်လျှင် ၂ နာရီ ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။ တွေ့ဆုံချိန်များတွင် နေ့လည်စာနှင့် ညစာ စားခြင်းတို့ အား အများပြည်သူဆိုင်ရာ နေရာများတွင် ပြုလုပ်ကြမည်ဖြစ်ပြီး သုံးရက်တာ နေထိုင်စဉ်အတွင်း သီးသန့်တွေ့ဆုံချိန် တစ်ကြိမ်သာ ရရှိမည် ဖြစ်ကြောင်းသိရသည်။

အသက်အရွယ် ကြီးရင့်မှု နှင့် ကျန်းမာရေးချို့တဲ့မှုတို့ကြောင့် ဆွေမျိုးများနှင့် တွေ့ဆုံရန် သက်မှတ်ပေးထားသော အချိန်သည် အလွန်နည်းပါးကြောင်း သိရှိရသည်။ တောင်ကိုရီးယား (ROK) နိုင်ငံသား ၆၅,၀၀၀ ခန့်သည် မိသားစု ပြန်လည် တွေ့ဆုံပွဲတွင် ပါဝင်ရန် စောင့်ဆိုင်း စာရင်းတွင်ပါဝင် ကြသော်လည်း အများစုမှာ ၎င်းတို့၏ဆွေမျိုးများ အား တွေ့ဆုံနိုင်ရန်(သို့မဟုတ်) မည့်သည့်နေရာတွင် နေထိုင်ကြောင်း သိရှိရန် အခွင့်အရေးနည်းပါး နေကြောင်းသိရှိရသည်။

အချို့ မိသားစုဝင်များ အား မြောက်ကိုရီးယား(DPRK) ခရီးစဉ်အတွင်း ကျန်းမာရေးပြဿနာများမရှိစေရန် လူနာတင်ယာဉ်များ ဖြင့် သယ်ဆောင် လာပြီး အချို့ကို ဘီးတပ်ကုလားထိုင်များ၊ အောက်ဆီဂျင်ဗူးများဖြင့် ခေါ်ဆောင် လာရကြောင်း သိရသည်။ (Xinhua)