Connect with us

Asia

တောင်တရုတ်ပင်လယ်နှင့် မြောက်ကိုရီးယားအရေးများ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ(ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ယာ) တို့အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ကင်းလှည့်ခြင်းသည် ပြဿနာ တစ်ရပ်မဟုတ်ကြောင်း ဒေသ တွင်း ဆက်စပ်နေသည့် နိုင်ငံများအားလုံး လိုအပ်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းများမှာ ရှေးကာလကတည်းက တရုတ်နိုင်ငံ၏ အချုပ်အချာပိုင်နက် အတွင်း၌ ရှိနေခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဆွေးနွေးမှုများနှင့် အကြံပြုမှုများဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသင့် ကြောင်းနှင့် တောင်တရုတ်ပင်လယ် အခြေအနေမှာ ယေဘူယျအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) နှင့် တစ်နာရီကြာ ဆွေးနွေးပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝမ်ရိ က ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တပ်စွဲထားမှုနှင့် ပတ်သက်ပြီး အများစုက တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကိုသာ စောင့်ကြည့်နေကြပြီး အခြားတိုင်းပြည်များ၏ ဖျက်သင်္ဘောများနှင့် မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ်များ တပ်စွဲထားခြင်းကိုမူ မျက်စိမှိတ်နေကြကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်း စစ်မဲ့ဇုန်ဖြစ်ရေးကို တရုတ် သာမက အမေရိကန်နှင့် အာဆီယံနိုင်ငံများ အပါအဝင် အားလုံး ပါဝင်အားထုတ်ရန် လိုအပ်ကြောင်း ဝမ်က ပြောသည်။

ထို့ပြင် တရုတ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဝမ်ရိက မြောက်ကိုရီးယား ၏ နျူကလီးယား အစီအစဉ်အပေါ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် မကြာမီ ရက် ပိုင်းအတွင် အတည် ဖြစ် လာရန် မျှော်လင့်ကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်အား တရုတ် အနေဖြင့် လက်မခံနိုင် သလို နျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံတစ်ခုအဖြစ်လည်း အသိအမှတ်မပြုနိုင်ကြောင်း ပြောကြားခဲ့ သည်။

ထိုဆုံးဖြတ်ချက် တစ်ခုတည်းဖြင့် ကိုရီးယား ကျွန်းဆွယ်ရှိ နျူကလီးယားကိစ္စအား အခြေခံကျကျ ဖြေရှင်းနိုင် မည် မဟုတ်ဘဲ ဆွေးနွေး ညှိနှိုင်းမှုများ ပြန်လည် စတင်ရန် လိုအပ်ကြောင်းလည်း ဝမ်က ဖြည့်စွက် ပြောကြားခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.