Connect with us

Asia

လူပေါင်း ၂၁ ဦး လိုက်ပါလာသည့် လေယာဉ် နီပေါတွင် ပျောက်ဆုံး၊ ရှာဖွေရေး လုပ်ငန်းများအား စတင်ဆောင်ရွက်

Tara လေကြောင်းလိုင်းပိုင် လေယာဉ် တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတွင် Tara လေကြောင်းလိုင်းပိုင် ခရီးသည် ၁၈ ဦး လိုက်ပါ စီးနင်းလာသော Twin Otter လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး ရှာဖွေရေး လုပ်ငန်းများကို စတင် ဆောင်ရွက် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

Tara လေကြောင်းလိုင်းမှ မီဒီယာ အရာရှိ Bhim Raj Rai က စစ်တပ်မှ ရဟတ်ယာဉ်တစ်စင်း နှင့် Dynasty Air မှ ပိုင်ဆိုင်သည့် ရဟတ်ယာဉ်တစ်စင်း တို့ကို ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရန် စေလွှတ် ခဲ့ပြီး ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ရက် တွင် Pokhara မြို့ မှ Jomsom မြို့သို့ ပျံသန်းမည့် Twin Otter လေယာဉ် သည် လေဆိပ်မှ နံနက် ရး၄၇နာရီတွင် ထွက်ခွာလာပြီး မိနစ် အနည်းငယ်အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။

ခရီးသည် ၁၈ ဦးအနက် ၂ ဦးမှာ ဟောင်ကောင်ကျွန်းနေ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦး နှင့် ကူဝိတ်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း နှင့် ခရီးသည်များအပြင် လေယာဉ် ဝန်ထမ်း ၃ ဦး ပါရှိသွားကြောင်း Rai က ပြောကြားခဲ့သည်။

Rai က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် Pokhara မြို့ နှင့် Jomsom မြို့ နှစ်မြို့စလုံး၌ ရာသီဥတု ကောင်းမွန်လျက် ရှိကြောင်းနှင့် ထိုသို့ ပျောက်ဆုံးသွားရခြင်း၏ သဲလွန်စကို မတွေ့ရှိသေးကြောင်း ဆင်ဟွာသို့ ပြောကြား ခဲ့သည်။

အဆိုပါ Twin Otter လေယာဉ်ကို လေကြောင်းလိုင်းတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.