Asia
ထိပ်သီးအစည်းအဝေး ဒုတိယနေ့အဖြစ် ဟနွိုင်းမြို့၌ ကင်ဂျုံအန် နှင့် ဒေါ်နယ်ထရမ့် တွေ့ဆုံဆွေးနွေး

ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)
မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဒုတိယမြောက်နေ့ အဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် စတင် ဆွေးနွေးလျက်ရှိသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်သောထိပ်သီးဆွေးနွေးပွဲတွင် ကင်ဂျုံအန် နှင့် ထရမ့် တို့တွေ့ဆုံစဉ်(ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်သောထိပ်သီးဆွေးနွေးပွဲတွင် ကင်ဂျုံအန် နှင့် ထရမ့် တို့တွေ့ဆုံစဉ်(ဆင်ဟွာ)
နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှင့် ငြိမ်းချမ်းရေးအတွက် သဘောတူညီမှုတစ်ခုရရှိရန် ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးအတွင်း ဆွေးနွေးကြကြောင်း သိရသည်။(Xinhua)