Connect with us

Asia

အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ အကြား တင်းမာမှုများကို ဆွေးနွေးမှု စကားဝိုင်းများမှ ဖြေရှင်းရန် နီပေါနိုင်ငံ တိုက်တွန်း

အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ၌ ပျက်ကျခဲ့သည့် အိန္ဒိယ လေယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ အကြား မြင့်တက်နေသည့် တင်းမာမှုများကို လျှော့ချပြီး ဆွေးနွေးမှု စကားဝိုင်းများ နှင့် ငြိမ်းချမ်းရေးသဘောဆောင်သည့် နည်းလမ်းများဖြင့် အခြေအနေအား ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရန် နီပေါနိုင်ငံက ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသဘက်ခြမ်းတွင် လုံခြုံရေးယာဉ်တန်းတစ်ခုအား အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာစဉ် နီပေါနိုင်ငံက ယခုလို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နီပေါအစိုးရအနေဖြင့် အိန္ဒိယ နှင့် ပါကစ္စတန် အကြား တင်းမာမှုများမြင့်တက်နေခြင်းကို စိုးရိမ်မိပါကြောင်း ထုတ်ပြန်ချက်တစ်ခု၌ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေသတွင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ တောင်အာရှအဖွဲ့အစည်း (SAARC) ၏ ဥက္ကဋ္ဌ ဖြစ်သည့် နီပေါနိုင်ငံ သည် တောင်အာရှအတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့၏ အရေးကြီးမှု ကို နားလည်သဘောပေါက်ပြီး နှစ်နိုင်ငံစလုံးသည် စိတ်သဘောထားများကို တတ်နိုင်သလောက်ထိန်းချုပ်ကာ ဒေသတွင်း လုံခြုံရေး နှင့် ငြိမ်းချမ်းမှုကို ခြိမ်းခြောက်သည့် အပြုအမူများ မလုပ်ဆောင်ကြရန် ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.