Connect with us

Asia

ထိုင်ဝမ်တွင် ကယ်ဆယ်ရေး ရဟတ်ယာဉ် ပျက်ကျမှုကြောင့်၂ ဦး သေဆုံး

တိုင်ပေ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ မြောက်ပိုင်း နယူးတိုင်ပေမြို့အလွန် ပင်လယ်ထဲသို့ မတ်လ ၁၁ ရက် နေ့လည်ခင်းက လူငါးဦး လိုက်ပါ စီးနင်းလာသည့် ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့မှုကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကမ်းခြေစောင့် တပ်ဖွဲ့ဝင် တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှူးသည် ဆေးရုံသို့ရောက်ရှိစဉ် အစောပိုင်း၌ ကုသမှုများကြောင့် အသက်ရှင်မည့် လက္ခဏာများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

တွဲဖက် ရဟတ်ယာဉ်မှူး သည် အဆုတ်ထဲသို့ ရေအမြောက်အများ ဝင်ရောက်နေသည့် အတွက် အဆုတ် ရောင်ရမ်းကာ အခြေအနေ စိုးရိမ်ရကြောင်းနှင့် ကျန် နှစ်ဦးမှာမူ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် မတ်လ ၁၀ ရက် နံနက် ၉ နာရီတွင် သောင်တင်နေသည့် သင်္ဘောတစ်စီးမှ ဆီများ ယိုဖိတ်ခြင်း ရှိ၊ မရှိ ရှာဖွေရေး ပြုလုပ်နေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ဗွီဒီယို မှတ်တမ်းတစ်ခုအရ ရဟတ်ယာဉ်သည် ပင်လယ်ရေပြင်အထက် မီတာ၂၀ ၌ ပျံဝဲနေစဉ် ရုတ်တရက် ထိန်းချုပ်မှု ကင်းလွတ်သွားပြီး ရေထဲသို့ပျက်ကျခဲ့ကြောင်း သိရသည်။

ကမ်းခြေစောင့် တပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များသည် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူ ငါးဦးဖြစ်သည့် ရဟတ်ယာဉ်မှူး၊ တွဲဖက် ရဟတ်ယာဉ်မှူး၊ ကမ်းခြေစောင့် တပ်ဖွဲ့ ၂ ဦးနှင့် လေယာဉ်အမှုထမ်း အကြီးအကဲ တစ်ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သောင်တင်နေသည့် သင်္ဘောအား တိုင်ပေ အခြေစိုက် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ပြီး သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်ကာ ကုန်သေတ္တာ ၆၁၇ လုံးနှင့် လောင်စာ တန်ချိန် ၄၄၇ တန် တင်ဆောင်လာကြောင်း သိရသည်။
မတ်လ ၁၀ ရက် နေ့လည် ၁ နာရီတွင် သင်္ဘောပေါ်ရှိ သင်္ဘောသား ၂၁ ဦးစလုံးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117