Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် ၂ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံး၊ လူ ၃၀၀၀ ကျော်နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ

အင်ဒိုနီးရှား နိုင်ငံ အနောက်ဂျာဗားကျွန်း ဒေသတွင် ရေလွှမ်းမိုးမှုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျကာတာ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်း ဒေသ၌ ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကာ ၃ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း လူပေါင်း ၃၀၀၀ ကျော်မှာ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရကြောင်း မတ်လ ၁၃ ရက်တွင် သဘာဝဘေးအန္တရယ်ဌာနက တရားဝင် ပြောကြားလိုက်သည်။

ဘန်ဒန်ခရိုင်ရှိ Ciarum မြစ်ရေ ရုတ်တရက်မြင့်တက်ကာ မြစ်ရေလျှံကျလာမှုကြောင့် မတ်လ ၁၂ ရက်ကတည်း က ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကာ အဆိုပါ ခရိုင်အတွင်းရှိ နေရာအတော်များများ နစ်မြုပ်ခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံ ခန့်ခွဲမှု ဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ ဖုန်းကတဆင့် ပြောသည်။

အဆိုပါ ရေလွှမ်းမိုးမှုသည် ခရိုင်အတွင်းရှိ ဒေသခံ ၂၄,၀၀၀ ဦး အပေါ်သို့ သက်ရောက်ခဲ့ပြီး စစ်သားများ၊ ရဲ များ၊ သဘာဝဘေးဌာနဆိုင်ရာ အရာရှိများ နှင့် စေတနာ့ ဝန်ထမ်းများ ဦးဆောင်ပါဝင်သည့် အရေးပေါ် ကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း Sutopo က ဖြည့်စွက် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိ ပြီး မြစ်ကမ်း အနီးဝန်းကျင်တွင် နေထိုင်သည့် ပြည်သူ သန်းပေါင်းများစွာ ထိခိုက်မှုရှိခဲ့ကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.