Asia
ထိုင်ဝမ်၌ အင်အားပြင်းငလျင်လှုပ်ခတ် ၂ ဦးသေဆုံး ၊ ၁ဝဝ ကျော်ဒဏ်ရာရ
တိုင်ပေ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)
ထိုင်ဝမ်၏ Hualien ဒေသအနီး၌ ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီ ၅ဝ မိနစ်တွင် ပြင်းအား ၆.၅ မက္ကနီကျူ့အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ (CENC) ၏ ထုတ်ပြန်ချက်အရ ၎င်းငလျင်မှာ မြောက်လတ္တီကျူ့၂၄.၁၃ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၂၁.၇၁ ဒီဂရီကြားတွင် မြေအောက်အနက် ၁၁ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ငလျင်ဒဏ်ကို ထိုင်ဝမ်ကျွန်း အနှံ့အပြား၌ ခံစားခဲ့ရကြောင်း နှင့် ထိုင်ဝမ်အရှေ့ပိုင်း Hualien ရှိ လမ်းများ နှင့် အချို့အဆောက်အအုံများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်၌ အင်အားပြင်း ငလျင်ဒဏ်ခံစားခဲ့ရသော အအောက်အအုံ အားတွေ့ရစဉ် (ဆင်ဟွာ)
ငလျင်ကြောင့် Marshal ဟိုတယ်မှာ တစ်ဖက်သို့တိမ်းစောင်းပျက်စီးမှုများဖြစ်ခဲ့ကြောင်း နှင့် ၎င်းဟိုတယ်အဆောက်အအုံအတွင်း လူသုံးဦးပိတ်မိနေကြောင်း သိရသည်။
Suao မှ Hualien သို့ပြေးဆွဲသည့် အဝေးပြေးလမ်းကိုလည်း ယာယီပိတ်ထားသည်။
ဖေဖော်ဝါရီ ၄ ရက်မှ စတင်ကာ ယင်းဒေသတွင် ငလျင်ငယ်ပေါင်း အကြိမ် ၁ဝဝ ကျော်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်၏ ငလျင်ကျွမ်းကျင်သူပညာရှင်များက လာမည့်ရက်သတ္တပတ်များတွင် နောက်ထပ်ငလျင်များ ပို၍ လှုပ်ခတ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။(Xinhua)