Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ က ဖျော်ဖြေမှု ပြုလုပ်ရန် တောင်ကိုရီးယား နိုင်ငံ သို့ ရောက်ရှိ

မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ဝင် တို့ မှ ဖျော်ဖြေမှု ပြုလုပ်ရန် ဇန်နဝါရီလ က တောင်ကိုရီးယား နိုင်ငံ တွင် လာရောက် ကြည့်ရှုစစ်ဆေးခဲ့စဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ တောင်ကိုရီးယား နိုင်ငံ တွင် ဖျော်ဖြေမှု ပြုလုပ်ရန် သွားရောက် သည့် မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ သည် တောင်ကိုရီးယား နိုင်ငံ Mukhohang ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွင် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့၌ တောင်ကိုရီးယား နိုင်ငံ Gangneung မြို့ တွင် ဖျော်ဖြေမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက် တွင် အနုပညာ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် Man Gyong Bong 92 သင်္ဘော ဖြင့် မြောက်ကိုရီးယား နိုင်ငံ Wonsan ဆိပ်ကမ်း မှ စတင် ထွက်ခွာ ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံ Mukhohang ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားရေးရာ သတင်းဌာန ၏ ဖေဖော်ဝါရီ ၆ ရက်နေ့ က ထုတ်ပြန် ခဲ့သည့် သတင်းတွင် အနုပညာ ကိုယ်စားလှယ် အဖွဲ့ အား မြောက်ကိုရီးယား နိုင်ငံ အနုပညာ ဌာန ညွှန်ကြားရေးမှူး က ဦးဆောင် သွားရောက် ခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ တွင် စတင်ထွက်ခွာ ခဲ့ရာ တောင်ကိုရီးယား နိုင်ငံ တွင် ကျင်းပ သည့် ဆောင်းရာသီ အိုလံပစ် ပွဲတော် အား ဂုဏ်ပြု ဖျော်ဖြေမှု ပြုလုပ်ရန် သွားရောက် ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံ တွင် ကျင်းပ မည့် PyeongChang ဆောင်းရာသီ အိုလံပစ် ပွဲတော် အား ဖေဖော်ဝါရီ ၉ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ တောင်ကိုရီးယား နိုင်ငံ PyeongChang မြို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.