Asia
ထိုင်ဝမ် ငလျင်ကြောင့် သေဆုံးသူ ၉၄ ဦး အထိရှိလာ
တိုင်ပေ၊ ဖေဖော်ဝါရီ ၁၂ (ဆင်ဟွာ)
ထိုင်ဝမ်ဒေသ တောင်ပိုင်း တိုင်နန်မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ဦးရေသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၉၄ ဦး အထိ မြင့်တက်လာခဲ့ကာ ၃၀ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။
တိုင်နန်မြို့ တွင် ၁၆ ထပ် ရှိသည့် ဝေကွမ်း အဆောက်အအုံ ပြိုကျပြီး ဆိုးရွားစွာ ပျက်စီးခဲ့ကာ ရုပ်အလောင်း ၉၂ လောင်းကို ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သည့် သေဆုံးသူစာရင်း အရ သိရသည်။
ပြိုကျနေသည့် အဆောက်အအုံ အပျက်အစီးများ အတွင်း အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေ တွေ့ရှိရန် အခွင့်အလမ်း နည်းပါး လာသော်လည်း ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်ဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ငလျင်လှုပ်ခတ်ပြီး ၇ ရက်မြောက်နေ့ ဖြစ်ကြောင်း သိရသည်။ (Xinhua)