Connect with us

Asia

ကေဆောင် စက်မှုဇုန် ပိတ်သိမ်း၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အကြား ဆက်ဆံရေး ပြတ်တောက်

ကေဆောင် စက်မှုဇုန် အတွင်းရှိ စက်ရုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေသည့် နယ်စပ် ကေဆောင်း (Kaesong) စက်မှုဇုန် လုပ်ငန်းများအား မြောက်ကိုရီးယား အစိုးရက ရပ်တန့်လိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖြတ်တောက် လိုက်သလို စက်မှုဇုန်အတွင်းရှိ တောင်ကိုရီးယား နိုင်ငံသား အားလုံးကို မြောက်ကိုရီးယားက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံမှ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် စက်မှုဇုန်အတွင်းရှိ တောင်ကိုရီးယား နိုင်ငံသား အားလုံး ဖေဖော်ဝါရီလ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီတွင် နောက်ဆုံးထား၍ ထွက်ခွာရမည် ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား နယ်စပ်မြို့ရှိ ကေဆောင် စက်မှုဇုန်အား စစ်တပ် အုပ်ချုပ်ရေး ဧရိယာအဖြစ် ကြေညာလိုက်သည်။

ထိုစက်မှုဇုန်အား ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ထုတ်လုပ်မှုများ စတင်ခဲ့ပြီး မြောက်ကိုရီးယား အလုပ်သမား ၅၄,၀၀၀ ခန့် အလုပ်က ရပ်နားရဖွယ် ရှိသည်။

မြောက်ကိုရီးယား၏ ကြေညာချက်အရ လုပ်ငန်းသုံး ကိရိယာများ၊ ပစ္စည်းများနှင့် ထုတ်ကုန်များ အပါအဝင် တောင်ကိုရီးယား ကုမ္ပဏီနှင့် ဆက်စပ်သည့် အေဂျင်စီများ၏ ပိုင်ဆိုင်မှုများအားလုံး လုံးဝ ရပ်တန့် ရမည် ဖြစ်ကြောင်းနှင့် ပြည်နှင်ခံရသည့် တောင်ကိုရီးယား နိုင်ငံသားများ၏ ကိုယ်ပိုင် ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများအား မြောက်ကိုရီးယား နိုင်ငံတွင် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့်သာ ပြန်လည် သယ် ယူခွင့် ပြုမည် ဖြစ်သည်။

ကေဆောင် စက်မှုဇုန် အနီးရှိ နှစ်နိုင်ငံ နယ်စပ်အား လုံးဝ ပိတ်လိုက်သလို စက်မှုဇုန်နှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းကိုလည်း မြောက်ကိုရီးယားက ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.