Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်း ရှိ မူကြိုတစ်ခု အပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ သားအဖ နှစ်ဦးသေဆုံး

ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဆူပူလှုပ်ရှားမှုများရှိနေသည့် ထိုင်းနိုင်ငံ တောင်ဘက်အစွန်းပိုင်း ရှိ စာသင်ကျောင်းတစ်ကျောင်း၏ အပြင်ဘက် တွင် စက်တင်ဘာ ၆ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ သားအဖနှစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Narathiwat ပြည်နယ် Takbai ခရိုင် ရှိ Daba မူကြိုကျောင်း အပြင်ဘက်၌ Mayeng Wahba နှင့် Mitra Wahba အမည်ရှိ သားအဖနှစ်ဦး မော်တော်ဆိုင်ကယ်စီးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဖခင် နှင့် ၎င်း၏ ငါးနှစ်အရွယ်သမီးတစ်ဦး သေဆုံးခဲ့ပြီး အခြား ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများသည် မူကြိုကျောင်း အပြင်ဘက် တွင် ယာဉ်လမ်းကြောင်း ရှင်းလင်းပေးနေသည့် ရဲဝန်ထမ်း နှစ်ဦး နှင့် အနီးအနားရှိ ဈေးဆိုင်တစ်ခုအတွင်းမှ ရွာသား ၄ဦး တို့ဖြစ်ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုမဖြစ်ပွားခင် ယင်းဗုံးအား မူကြိုကျောင်း နှင့်မျက်နှာချင်းဆိုင် ဈေးဆိုင်အရှေ့တွင် ရပ်ထားသည့် မော်တော်ဆိုင်ကယ် အတွင်း၌ ဝှက်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တရားခံမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
အစောပိုင်းနေ့များတွင်လည်း အိမ်နီးချင်း Pattani ပြည်နယ်အနီး Hat Yai မြို့ နှင့် Sugai Kolok မြို့ အကြားရှိ ရထားလမ်းတစ်ခု၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ရထားပေါ်၌ လိုက်ပါလာသူတစ်ဦးသေဆုံးခဲ့ပြီး ရထားအနောက်ဘက်ရှိ လူတစ်ချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.