Connect with us

Asia

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာတစ်ဦးအပါအဝင် ကိုယ်ဝန်ဆောင်နှစ်ဦး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြု

ဇီကာဗိုင်းရပ်စ်ပိုး ပြန့်ပွားစေသည့် အေးဒီးစ် ခြင်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ကိုယ်ဝန်ဆောင်နှစ်ဦး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး မြောက်ပိုင်းပြည်နယ်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၁၁ဦးရှိလာပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက စက်တင်ဘာ၅ ရက်က ဖော်ပြခဲ့သည်။

ချင်းမိုင်မြို့ရှိ ကူးစက်ရောဂါပိုး ထိန်းချုပ်ရေး တာဝန်ရှိသူများက နောက်ဆုံး စမ်းသပ်စစ်ဆေးခဲ့သည့် လူနာ နှစ်ဦးတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို စက်တင်ဘာ ၄ ရက်က အတည်ပြုနိုင်ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။
နောက်ဆုံး ကူးစက်ခံရသည့် လူနာနှစ်ဦးမှာ ကိုယ်ဝန်ခြောက်လရှိပြီဖြစ်သည့် ထိုင်းအမျိုးသမီး တစ်ဦး နှင့် ကိုယ်ဝန်ရှစ်လရှိပြီးဖြစ်သော မြန်မာ အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးလုံးသည် တစ်လအတွင်း ၉ယောက်အထိ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့သည့် San Sai Luang ခရိုင်တွင်နေထိုင်သူများဖြစ်ကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ အေးဒီးစ် ခြင်များမှ ကူးစက်တတ်သည့် ရောဂါပိုးတစ်မျိုးဖြစ်ပြီး တစ်ခါတစ်ရံ ရောဂါလက္ခဏာများပြလေ့မရှိဘဲ များသောအားဖြင့် အားနည်းကာ သေဆုံးတတ်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း သိရှိရန် ခက်ခဲပြီး ရလဒ်အနေဖြင့် မွေးလာသည့်ကလေးငယ်များသည် ဦးခေါင်းသေးငယ်ခြင်း၊ အာရုံကြောဆိုင်ရာ ထိခိုက်မှုများ ပါလာခြင်း နှင့် အခြား မွေးရာပါ ပုံမမှန်မှုများ ဖြစ်တတ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း ဇန်နဝါရီလ မှ ဇွန်လ အကုန်ထိ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် သည် ၉၇ဦးရှိခဲ့ပြီး ယခင်ကာလများက တစ်နှစ်လျှင် ပျမ်းမျှ ကူးစက်သူ ၅ဦးမှ ၇ဦးအထိရှိကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာန အမြဲတမ်း အတွင်းရေးမှူး Sopon Mekthon က ထင်ရှားသော မြို့ဖြစ်သည့် ချင်းမိုင်အပါအဝင် အခြား ပြည်နယ် ၄လေးခုသည် ဇီကာဗိုင်းရပ်စ် ကူးစက်မှု စောင့်ကြည့်ရေး စာရင်းတွင် ပါဝင်နေပြီး ချင်းမိုင်မြို့၌ ယခင်အပတ်က ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) က အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့အား ၂၀၁၆ခုနှစ်တွင် ပြည်တွင်း ဇီကာဗိုင်းရပ်စ် ကူးစက်မှု သိသိသာသာဖြစ်ပွားသည့် နိုင်ငံများအဖြစ် စာရင်းသွင်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.