Asia
နီပေါတွင် ပြင်းအား ၇.၄ ရှိ ငလျင် ထပ်မံ လှုပ်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ခန့် ဒဏ်ရာရရှိ

ခတ္တမန္ဒူ ၊ မေ ၁၂ ရက် (ဆင်ဟွာ)
နီပေါတွင် ယနေ့ ၇.၄ ရစ်ချ်တာစကေး ပြင်းအားရှိသည့် ငလျင် ထပ်မံ လှုပ်ခတ်မှုကြောင့် လက်ရှိ ရရှိသည့် စာရင်းအရ လူ အနည်းဆုံ ၁၁ ဦး သေဆုံးကာ ၃၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ စာရင်းအရ ခတ္တမန္ဒူတွင် လူ ၄ ဦး သေဆုံးကြောင်းသိရသည်။
Sindhupalchowk တွင် လူ ၅ ဦး သေဆုံးပြီး Lalitpur နှင့် Dolakha ခရိုင်များတွင် ၂ ဦး သေဆုံးကြောင်း ရဲအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ယနေ့ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် အိမ်များ ထပ်မံ ပြိုကျပြီး လူပေါင်း ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ထိခိုက် ဒဏ်ရာရရှိသူ အများစုမှာ Sindhupalchowk နှင့် Dolakha တို့မှ ဖြစ်ကြောင်း ရဲအရာရှိများ၏
ပြောကြားချက်အရ သိရသည်။
ယနေ့ လှုပ်ခတ်ခဲ့သော ငလျင်သည် Dolakha မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး ငလျင်ကြောင့် Dolakha ရှိ အိမ်ခြေပေါင်း ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးကြောင်း သိရှိရသည်။
ဆေးကုသရေး အဖွဲ့များကိုလည်း ငလျင်ဒဏ် ထိခိုက်မှုအများဆုံး နေရာများဖြစ်သည့် Sindhupalchowk နှင့် Dolakha သို့ စေလွှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောကြားသည်။ (Xinhua)