Connect with us

Asia

ပါကစ္စတန် နိုင်ငံ ကရာချိမြို့တွင် ၃၆နှစ်အတွင်း စံချိန်တင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် လူလေးဦး သေဆုံး  

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများအကြား ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် လူများအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၆ (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ကရာချိမြို့တော်တွင်  သြဂုတ်လအတွင်း ရွာသွန်းခဲ့သော  သည်းထန်သည့် မုတ်သုံမိုးသည် ၃၆နှစ်အတွင်း မိုးရွာသွန်းမှုစံချိန်သစ်ဖြစ်ခဲ့ကြောင်း ပါကစ္စတန် မိုးလေဝသဌာန(PMD)  က ပြောကြားခဲ့သည်။

သြဂုတ် ၂၄ ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးကြောင့်  ကရာချိမြို့ရှိ  ပါကစ္စတန်လေတပ်စခန်းဧရိယာ (PAF) တွင် မိုးရေချိန် ၃၄၅ မီလီမီတာ ရရှိခဲ့ကြောင်း မိုးလေဝသရုံးက သြဂုတ် ၂၅ ရက်၌ ပြောခဲ့သည်။ ယခုမိုးရေချိန်သည်  ၁၉၈၄ ခုနှစ်က ကရာချိမြို့၌ ပြင်းထန်စွာ ရွာသွန်းခဲ့သော ရွာသွန်းမှုစံချိန်ဖြစ်သည့် မိုးရေချိန် ၂၉၈.၄ မီလီမီတာကို ချိုးဖျက်သွားခြင်းဖြစ်သည်ဟု PMD က ဆိုသည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အပျက်အစီးများအောက်တွင် မော်တော်ယာဉ်များ ပိတ်မိနေစဉ် (ဆင်ဟွာ)

ပြင်းထန်သည့် မိုးရွာသွန်းမှုများကြောင့် မြို့၏နေရာတော်တော်များများကို ကသောင်းကနင်းဖြစ်စေခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးခြင်း၊ လမ်းများ၊ မော်တော်ယာဉ်များ ရေမြုပ်ခြင်းများဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများအကြား ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် လူများအားတွေ့ရစဉ် (ဆင်ဟွာ)

သည်။ ကရာချိမြို့တွင် သြဂုတ် ၂၅ရက်က မိုးသည်းထန်မှုနှင့်အတူ ဓာတ်လိုက်မှုများ၊ နေအိမ် ခေါင်မိုးပြုတ်ထွက်ခြင်းများ စသည့် မတော်တဆမှုများဖြစ်ပွားခဲ့ခြင်းကြောင့် လူလေးဦးလည်း သေဆုံးခဲ့ရသလို ဒဏ်ရာရသူအများအပြားလည်း ရှိခဲ့သည်။

မိုးသည်းထန်မှုကြောင့် ကရာချိ မြို့တစ်ဝန်းက မြေနိမ့်ဒေသအားလုံး ရေလွှမ်းမိုးခဲ့ပြီး ဆိုးရွားသည့် ရာသီဥတု အခြေအနေကြောင့် နေအိမ်များတွင် သောင်တင်နေသူများကို  ကယ်ဆယ်ပေးနိုင်ရန် ပြည်နယ် အရေးပေါ် အခြေအနေ ပြဋ္ဌာန်းခဲ့ကြောင်း Sindh ပြည်နယ် ဝန်ကြီးချုပ် Syed Murad Ali Shah က မီဒီယာများကို ပြောကြားခဲ့ပါသည်။

ဒေသအတော်များများရှိ နေထိုင်သူများကို ၎င်းတို့၏နေအိမ်များမှ ဘေးကင်းရာနေရာများသို့  ရွေ့ပြောင်းပေးခဲ့သည်။ ကရာချိမြို့တွင် မြေပြိုကျမှု သတင်းများလည်းရှိနေပြီး မော်တော်ယာဉ်ပျက်စီးမှုများလည်း ရှိခဲ့သလို ယင်းဒေသရှိ အဓိကလမ်းမကို ပိတ်ထားရကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုများအကြား ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် လူများအားတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန် စစ်တပ်၏သတင်းထုတ်ပြန်ရေးအဖွဲ့ဖြစ်သည့်  Inter-Services Public Relations က သြဂုတ် ၂၅ ရက်ည ထုတ်ပြန်ချက်တွင် ကရာချိမြို့၌ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်နေပြီး ထိခိုက်ခဲ့ရသူများကို ကယ်ဆယ်ရေး၊ ရိက္ခာပစ္စည်းများထောက်ပံ့ရန် မြို့အုပ်ချုပ်ရေ အဖွဲ့ကို ကူညီပေးခဲ့သည်ဟု ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

စစ်တပ်ကယ်ဆယ်ရေးအဖွဲ့များသည် ထိခိုက်ရာဒေသမှ လူများကို ပိုမို ဘေးကင်းရာနေရာများသို့ လှေများဖြင့် အစားအစာနှင့် နားခိုရာနေရာများ ထောက်ပံ့ပေးလျက်ရှိရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း ကြေညာချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။မကြာသေးမီက မိုးသည်းထန်မှု မတိုင်မီ  ပါကစ္စတန် မိုးလေဝသဌာန  (PMD ) က မြို့ပြရေလွှမ်းမိုးမှု သတိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မိုးကြီးမှုကြောင့် ရေမြောင်းပိတ်ဆိုမှုများ မဖြစ်ပေါ်ရန် ဒေသခံများကို နေအိမ်များအနီးရှိ ရေနုတ်မြောင်းများ သန့်ရှင်းကြရန် ညွှန်ကြားခဲ့သည်။မိုးလေဝသဆိုင်ရာရုံးက သြဂုတ် ၂၆ ရက်အထိ ဆက်လက်မိုးရွာသွန်းနေမည်ဖြစ်ပြီး လာမည့်နေ့ရက်များတွင်လည်း နောက်တစ်ဖန် မိုးသည်းထန်မှု များဖြစ်လာ နိုင်သည်ဟု ခန့်မှန်းပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua)