Connect with us

Asia

ဖိလစ်ပိုင်တွင် လမ်းမတော်တဆမှုကြောင့် လူ ၅ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံတွင် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသော Jeepney ကားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ လမ်းတစ်ခုပေါ်တွင် စက်တင်ဘာလ ၆ ရက်က မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မနီလာမြို့တောင်ဘက် Cavite ပြည်နယ်ရှိ Kawit မြို့ရှိ အဝေးပြေးလမ်းမပေါ်တွင် နံနက် ၆း၀၀ နာရီက စာတိုက် တစ်ခုအတွင်းသို့ Jeepney ကား တစ်စီး ဝင်တိုက်ခဲ့ပြီးနောက် လူ ၅ ဦး သေဆုံးသွားခဲ့ကြောင်း ရဲအရာရှိ Jeffery Punzalan က DZBB ရေဒီယိုသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် စစ်တပ်က အသုံးပြုခဲ့သော အမေရိကန် Willys ဂျစ်ကားများကို အခြေခံသည့် Jeepney ကားများသည် ဖိလစ်ပိုင်နိုင်ငံအတွင်း နေရာတိုင်းတွင် တွေ့ရလေ့ရှိသည်။ ဖိလစ်ပိုင်နိုင်ငံသားများ အတွက် ဖိလစ်ပိုင် ကျွန်းများ တစ်လျှောက် သွားရောက်ရန် အများပြည်သူ သယ်ယူပို့ဆောင်လုပ်ငန်းတွင် အသက်သာဆုံး သယ်ယူပို့ဆောင်ရေးအဖြစ် ထို ကားများအား အသုံးပြုကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.