Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဝင်ရောက်မှုကြောင့် မနီလာ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၂ နာရီကြာပိတ်ထားမည်

ဖိလစ်ပိုင်နိုင်ငံ နီနွိုင်အကွီနို အပြည်ပြည်ဆိုင်လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်ညပိုင်း သို့မဟုတ် ဒီဇင်ဘာ ၃ ရက် အစောပိုင်းတွင် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ (Kammuri) ဝင်ရောက်မည်ဖြစ်သောကြောင့် မနီလာ၏ နီနွိုင်အကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ် ကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၁:၀၀ နာရီမှ စတင်ကာ ၁၂ နာရီကြာ ပိတ်ထားမည်ဖြစ်ကြောင်း လေဆိပ် အာဏာပိုင်များက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လေဆိပ်ကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၁:၀၀ နာရီမှ ည ၁၁:၀၀ နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်း မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အာဏာပိုင် အထွေထွေမန်နေဂျာ အတ် မွန်ရီရယ် (Ed Monreal) က ပြောခဲ့သည်။

“ဒါက မရှောင်လွဲနိုင်တဲ့ဖြစ်ရပ်ဖြစ်ပြီး ခရီးသည်များ ဘေးကင်းရေးအတွက် ဖြစ်ပါတယ်” ဟု မွန်ရီရယ်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ ယင်းသို့ လေဆိပ်ပိတ်လိုက်ခြင်းကြောင့် စုစုပေါင်း ခရီးစဉ် ၄၃၈ ခုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

တိုင်ဖွန်း ကမ်မူရီသည် ဒီဇင်ဘာ ၂ ရက် ညနေ ၅:၀၀ နာရီမှစ၍ Sorsogon ပြည်နယ် ဂျူဘန်မြို့ အရှေ့ဘက် ၁၅၅ ကီလိုမီတာသို့ ဝင်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင် လေထု၊ ဘူမိဗေဒနှင့် နက္ခတ်ဗေဒလုပ်ငန်း ဉီးစီးဌာနက ပြောခဲ့သည်။

အဆိုပါ တိုင်ဖွန်းသည် တစ်နာရီလျှင် ၂၀ ကီလိုမီတာမှ ၁၅ ကီလိုမီတာဖြင့် အနောက်ဘက်သို့ ဖြည်းဖြည်းချင်း ရွှေ့လျားလျက်ရှိကြောင်း သိရသည်။

ကမ်မူရီ တိုင်ဖွန်းမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်သည့် အကြိမ် ၂၀ မြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.