Connect with us

Asia

အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များပြိုကျမှုကြောင့် လူ ၁၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် လူနေအိမ်များပြိုကျမှုဖြစ်ပေါ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်၏ နေရာအတော်တော်များများ၌ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်အချို့ပြိုကျမှု နှင့် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

Tamil Nadu ပြည်နယ် ချန်နိုင်းမြို့(Chennai) အနောက်တောင်ပိုင်း ၅၂၀ ကီလိုမီတာအကွာရှိ Coimbatore ခရိုင်း Nadur ကျေးရွာ၌ လူနေအိမ်များ၏ နံရံသားများ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ ဒီမနက်မိုးသည်းထန်စွာရွာသွန်းလို့ Mettupalayalam ဒေသအတွင်းက လူနေအိမ်အတော်များများ ပျက်စီးသွားတယ် ၊ သစ်ပင်တွေလည်း အမြစ်ကကျွတ်ပြီး လဲပြိုကုန်တယ်” ဟု ချန်နိုင်းမြို့ ဒေသဆိုင်ရာ အစိုးရအရာရှိတစ်ဦးက ဆိုသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် လူနေအိမ်များပြိုကျမှုဖြစ်ပေါ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

“အိမ်ပြိုမှုအတွင်း လူ ၁၅ ဦးသေဆုံးသွားတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်တော်တို့ပြောနိုင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။အချင်းဖြစ်နေရာသို့ စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်သွားရောက်၍ ကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ကြောင်း နှင့် အပျက်အစီးပုံများအောက်တွင် ပိတ်မိနေသူများကို ဆွဲထုတ်ရန် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117