Connect with us

Asia

အိန္ဒိယနိုင်ငံ၏ ပျက်ကျသွားသောလပေါ်ဆင်းသက်ယာဉ် ချန်ဒရာယန်း-၂ အပိုင်းအစများကို နာဆာ တွေ့ရှိ

အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် လကမ္ဘာခရီးစဉ် သို့မဟုတ် ချန်ဒရာယန်း-၂ အား သယ်ဆောင်သွားသည့် ဒုံးပျံ “GSLV-Mk-III” အား ဇူလိုင် ၂၂ ရက်က ပစ်လွှတ်ခဲ့စဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ပျက်ကျသွားသောလပေါ်ဆင်းသက်ယာဉ် ချန်ဒရာယန်း-၂ (Chandrayaan-2) ၏ အပိုင်းအစများကို အမေရိကန် အမျိုးသား လေယာဉ်ပညာနှင့် အာကာသစီမံခန့်ခွဲမှု (NASA) က လပတ်လမ်းအတိုင်းပတ်နေသည့် ၎င်းတို့၏ ဂြိုဟ်တုက တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက်က ပြောခဲ့သည်။

လပတ်အတိုင်းပတ်နေသည့် ၎င်းတို့၏ ဂြိုဟ်တုက အပိုင်းအစများကို လမျက်နှာပြင်ပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နာဆာ၏ ပြောကြားချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် လကမ္ဘာခရီးစဉ် ဆင်းသက်ယာဉ် ချန်ဒရာယန်း-၂ သည် စက်တင်ဘာ ၇ ရက်က လျာထားသည့်အတိုင်း လပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်ရန် ကြိုးပမ်းစဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.