Asia
ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ဒေသတွင် အစိုးရ တပ်ဖွဲ့ နှင့် အတိုက်အခံ လက်နက်ကိုင် တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွား ရာ လူပေါင်း ၁၀ ဦး သေဆုံး

မနီလာ ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် အစိုးရ အား ပုန်ကန်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ တို့ ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းအချိန်တွင် နိုင်ငံတောင်ပိုင်း Maguindanao ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး နှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံ စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက် အရ သိရှိရသည်။
ဖိလစ်ပိုင် နိုင်ငံ ကြည်းတပ် အမှတ်(၆) ခြေမြန်တပ်ရင်း ၏ ပြောရေးဆိုခွင့်ရှိသူ က ဇန်နဝါရီ ၆ ရက်နေ့ ၁၉ နာရီ အချိန်ခန့်တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၅၀ ခန့်သည် Maguindanao ပြည်နယ် ရွာတစ်ရွာ ရှိ အစိုးရ တပ်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ တိုက်ပွဲမှာ ညပိုင်းအချိန်ထိ ဖြစ်ပွား ခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး နောက်တွင် ကျန်ရှိသူများ ထွက်ပြေးသွား ခဲ့ကြောင်း ပြောကြား ခဲ့သည်။
၁၉၇၀ ခုနှစ် နောက်ပိုင်း အချိန် မှ စတင်၍ ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ဒေသတွင် လက်နက်ကိုင် အဖွဲ့အစည်း များ တက်ကြွစွာ လှုပ်ရှား လာခဲ့ပြီး လက်ရှိချိန်တွင် တောင်ပိုင်းဒေသ ၌ လှုပ်ရှားနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှာ Bangsamoro Islamic Freedom Fighters (BIFF) လက်နက်ကိုင် တပ်ဖွဲ့ ၊ Abu Sayyaf လက်နက်ကိုင် တပ်ဖွဲ့ နှင့် Maute လက်နက်ကိုင် တပ်ဖွဲ့ စသည် တို့ဖြစ်ကြသည်။(Xinhua)