Connect with us

Asia

အီရန်တွင် လှုပ်ခတ်ခဲ့သော အင်အား ၅.၁ပမာဏရှိ ငလျင်ကြောင့် အနည်းဆုံး လူ ၂၁ဦးဒဏ်ရာရရှိ

အီရန်နိုင်ငံတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာ၁၂ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးနေစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်း ကာမန်ရှာ့ပြည်နယ် ရှိ ဆာပေါ်ဇာဟက်မြို့၌ ဇန်နဝါရီ ၆ရက် ဒေသစံတော်ချိန် ၁၈း၅၂နာရီတွင် အင်အား ၅.၁ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူ ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း Tasnim သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၃၄.၄၅၈ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၄၅.၇၉၁ဒီဂရီ ရှိ မြေပြင်အနက် ၈ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဒဏ်ရာရရှိသူစုစုပေါင်းအနက် ၁၇ဦးမှာ ဆာပေါ်ဇာဟက်မြို့ မှ ဖြစ်ပြီး အခြား လူ ၄ဦးမှာ ကျေးလက်ဒေသများမှဖြစ်ကြောင်း သိရသည်။

ဆာပေါ်ဇာဟက်မြို့ မှ လူများသည် လမ်းမပေါ်သို့ အလန့်တကြားပြေးထွက်လာကြပြီး နောက်ဆက်တွဲငလျင်ပြင်းများဆက်လက် လှုပ်ခတ်နေ၍ လူများသည် နေအိမ်သို့ မပြန်ရဲသေးဘဲ ကွင်းပြင်ဧရိယာများ၌ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ငလျင်ကြောင့် သေဆုံးသူ မရှိသေးကြောင်း နှင့် လေ့လာအကဲဖြတ်အဖွဲ့ကို ဆာပေါ်ဇာဟက်မြို့ နှင့် မြို့စွန်ရှိ ကျေးလက်ဒေသများသို့ စေလွှတ်ပေးခဲ့ကြောင်း သတင်းများအရသိရသည်။

ငလျင်ကြောင့် မြို့ နှင့် ကျေးရွာများအတွင်းရှိ အဆောက်အအုံဟောင်းများ ပျက်စီးခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ အီလန်ပြည်နယ်မှလည်း ငလျင်ဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၂ရက်က ကာမန်ရှာ့ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အင်အား ၇.၃ပမာဏရှိသည့် ငလျင်ပြင်းကြောင့် အီရန်နိုင်ငံသား ၆၀၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.