Connect with us

Asia

ဗီယက်နမ်နိုင်ငံသမ္မတ လာအိုနိုင်ငံသို့အလည်အပတ်ရောက်ရှိ

ဗီယက်နမ်သမ္မတ ငုယင်ဖုထရုန် (Nguyen Phu Trong)အားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် (Bounnhang Vorachith) ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသမ္မတ ငုယင်ဖုထရုန် (Nguyen Phu Trong) သည် ၎င်း၏ နှစ်ရက်တာအလည်အပတ်ခရီးစဉ် အတွက် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့သို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ရောက်ရှိလာကြောင်း သိရသည်။

ကြိုဆိုရေးအစီအစဉ်ပြီးသည့်နောက် အစည်းအဝေးကျင်းပခဲ့ပြီး၊ နှစ်နိုင်ငံခေါင်းဆောင်များ အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအား အလွန်တန်ဖိုးထားကြောင်း၊ ပြီးခဲ့သည့်နှစ်များ တွင် အနာဂတ်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ဆောင်ရွက်ရေးအသစ်ကိုမြှင့်တင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း လာအိုသတင်းအေဂျင်စီတွင်ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။

နှစ်နိုင်ငံပူးတွဲကြေညာချက်အရ စီးပွားရေးတွင် ထိရောက်မှုရှိသောပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဆောင်ရွက်ရန်၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး နှင့် တခြားကိစ္စများကိုလည်း နှစ်ဖက်သဘောတူညီခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်၊ Trong နှင့်၎င်း၏ ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဝန်ကြီးချုပ် သွန်လွန်စစ်ယူလစ်(Thongloun Sisoulith) နှင့် လာအိုနိုင်ငံမှ အစိုးရအရာရှိများ နှင့် လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.