Connect with us

Asia

မြောက်ကိုရီးယား-အမေရိကန် တွေ့ဆုံပွဲအတွက် သမ္မတ ထရမ့် ဟနွိုင်းသို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် သွားရောက်မည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်ကပြောကြားခဲ့သည်။

ထရမ့်က ကင်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ကြိုဆိုကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံ တွင် နျူကလီးယားလက်နက်များသာ မရှိပါက ကမ္ဘာပေါ်ရှိ စီးပွားရေးအင်အားကြီး နိုင်ငံများထဲမှ တစ်နိုင်ငံ အမြန်ဆုံးဖြစ်လာနိုင်ကြောင်းပြောကြားခဲ့သည်။

Korean Central News Agency (KCNA) မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကင်သည် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဖေဖော်ဝါရီ ၂၃ ရက် နေ့လည်ပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံမှ ဟနွိုင်းမြို့သို့ ရထားဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ထရမ့်က ၎င်း၏ ဗီယက်နမ်ခရီးစဉ်သည် အလွန်အောင်မြင်သည့် ခရီးစဉ်ဖြစ်နိုင်ကြောင်း၊ ကင်နှင့် ၂ရက်တာ တွေ့ဆုံမှုအတွင်း ပြီးမြောက်မှုများစွာ ရှိနိုင်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက် ကပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ထရမ့်က ဖေဖော်ဝါရီ ၂၇ ရက် နှင့် ၂၈ ရက်တွင် ဟနွိုင်းမြို့၌ ကင် နှင့် ဒုတိယအကြိမ်မြောက်တွေ့ဆုံမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က ကြေညာခဲ့ပြီး ကင် နှင့် ထရမ့်တို့၏ ပထမအကြိမ်မြောက်တွေ့ဆုံမှုကို ၂၀၁၈ခုနှစ် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့သည်။

သို့သော် နျူကလီးယားကင်းစင်ရေး အစီအစဉ်၊ ပိတ်ဆို့တားဆီးမှုများအား ပြန်လည်ဖြေလျှော့ရေး အစရှိသည့် အဓိက အရေးကိစ္စများအပေါ် သဘောထားမတူညီမှုများက ညှိနှိုင်းဆွေးနွေးမှုများကို ဟန့်တားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.